ဘွန်ဒစ်လီဂါပြိုင်ပွဲကို မေလ (၉)ရက်နေ့တွင် ပြန်လည်စတင်နိုင်ရန် ဂျာမန်ဘောလုံးတာဝန်ရှိသူများက စီစဉ်နေသော်လည်း ခွင့်ပြု၊ မပြုကို မေလ(၆)ရက်မှသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘွန်ဒစ်လီဂါပြိုင်ပွဲကို မေလ (၉)ရက်နေ့တွင် ပြန်လည်စတင်နိုင်ရန် ဂျာမန်ဘောလုံးတာဝန်ရှိသူများက စီစဉ်နေသော်လည်း ခွင့်ပြု၊ မပြုကို မေလ(၆)ရက်မှသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘွန်ဒစ်လီဂါပြိုင်ပွဲသည် ဥရောပထိပ်သီးလိဂ်များထဲ၌ အစောဆုံးပြန်စသည့်လိဂ်ဖြစ်လာရန် နီးစပ်ခဲ့သော်လည်း အစိုးရတာဝန်ရှိသူများက ခွင့်ပြုပေးရန် စိုးရွံ့နေကြကြောင်း သိရသည်။
မူလက အစိုးရတာဝန်ရှိသူများအနေဖြင့် ဧပြီ (၃၀)ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ဆွေးနွေးပွဲပြုလုပ်ကာ အဆုံးအဖြတ်ပေးဖွယ်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း မေလ(၆)ရက်မှသာ အဆုံးအဖြတ်ပေးတော့မည်ဟု သိရသည်။
ယခုကဲ့သို့ အပြောင်းအလဲဖြစ်သွားခဲ့ခြင်းမှာ ပြင်သစ်လိဂ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်ခြင်းနှင့် ဆက်စပ်နေနိုင်ကြောင်း သုံးသပ်မှုများ ရှိလာခဲ့သည်။
ထို့ပြင် မေလ(၆)ရက်နေ့မှ အဆုံးအဖြတ်ပေးမည်ဖြစ်၍ မေလ(၉) ရက်တွင် ပြိုင်ပွဲပြန်လည်စတင်ရန်မှာ မည်သို့မျှ ဖြစ်နိုင်ဖွယ်မရှိတော့ဘဲ အစောဆုံးအဖြစ် မေ(၁၆)မှသာ ပြန်စနိုင်ဖွယ်ရှိသည်ဟုလည်း ခန့်မှန်းမှုများ ရှိနေသည်။
လက်ရှိအချိန်တွင် ယခုရာသီ ဘောလုံးပြိုင်ပွဲများ ပြန်စရန်နှင့် ဖျက်သိမ်းပစ်ရန်အတွက် အားပြိုင်မှုများ ကြီးမားလာခဲ့ပြီး ဆက်မကစားသင့်တော့ဘဲ ဖျက်သိမ်းပစ်သင့်သည်ဟု ယူဆသူ ပိုမိုများပြားလာကြောင်းလည်း သိရသည်။