အာဆင်နယ်အသင်းသည် အက်သလက်တီကိုကွင်းလယ်လူ ပါတေးအား ပေါင် (၄၃.၅)သန်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် အက်သလက်တီကိုကွင်းလယ်လူ ပါတေးအား ပေါင် (၄၃.၅)သန်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အက်သလက်တီကိုအသင်းနှင့် ပါတေးတို့ ချုပ်ဆိုထားသည့် စာချုပ်မှာ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေသော်လည်း အာဆင်နယ်အသင်းသည် ၎င်းအား စာချုပ်လျော်ကြေး ပေါင် (၄၃.၅)သန်း ပေးချေကာ ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း အီတလီအားကစားသတင်းစာ Corriere dello Sport က ဖော်ပြခဲ့သည်။
Corriere dello Sport ၏ ဖော်ပြမှုအရ အာဆင်နယ်အသင်းအနေဖြင့် ပါတေးအား ခေါ်ယူနိုင်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်းနည်းပြ အာတီတာသည် အသင်းကို ပြန်လည်တည်ဆောက်ရန်အတွက် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ်များ ခေါ်ယူသွားရန် စီစဉ်နေပြီး ပါတေးအား ခေါ်ယူရန် ပြင်ဆင်လာခြင်းဖြစ်သည်။
အသက် (၂၆)နှစ်အရွယ်ရှိ ဂါနာလက်ရွေးစင်ကွင်းလယ်လူ ပါတေးသည် အက်သလက်တီကိုအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၃၅)ပွဲ ပါဝင်ကစားရာတွင် (၃)ဂိုး သွင်းယူထားသည်။















