အင်တာမီလန်အသင်းသည် ဘာစီလိုနာအသင်းမှ စိတ်ဝင်စားနေသည့် အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အတွက် ဘာစီလိုနာတိုက်စစ်ကစားသမား ဂရီးဖ်မန်းနှင့်အလဲအလှယ်လုပ်ရန် အလိုရှိနေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် မာတီနက်ဇ်ကို ဆွာရက်ဇ်၏နေရာတွင် ကာလရှည်အစားထိုးရန် ရည်ရွယ်ထားပြီး ယခုနွေရာသီအပြောင်းအရွှေ့၏ အဓိကပစ်မှတ်လည်းဖြစ်သည်။
(၂၂)နှစ်အရွယ်သာရှိသေးသူ မာတီနက်ဇ်သည် ၂၀၁၈ ခုနှစ် နွေရာသီတွင် အာဂျင်တီးနားကလပ် ရေးဆင်းအသင်းမှ အင်တာမီလန်သို့ ပြောင်းရွှေ့ကြေး ပေါင်(၁၉.၅)သန်းဖြင့် ရောက်ရှိလာပြီး လက်ရှိစာချုပ်သက်တမ်းမှာ (၃)နှစ်ကျန်ရှိနေသေးကြောင်း သိရသည်။
အီတလီမီဒီယာ La Gazzetta dello Sport က ဂရီးဇ်မန်းပါဝင်သည့် ကမ်းလှမ်းမှုကိုသာ အင်တာမီလန်အနေဖြင့် စဉ်းစားဖွယ်ရှိသည်ဟု ရေးသားခဲ့သည်။
ဂရီးဇ်မန်းသည် ယခုရာသီ ၃၇ ပွဲကစားခဲ့ရာတွင် ၁၄ ဂိုးသွင်းထားနိုင်သော်လည်း ခြေစွမ်းမပြနိုင်သောကြောင့် ကောလာသတင်းများလည်း ထွက်နေသူဖြစ်သည်။
ထို့ပြင် Corriere dello Sport သတင်းတွင် ဘာစီလိုနာသည် မာတီနက်ဇ်အတွက် စာချုပ်လျော်ကြေး ယူရို(၁၁၁)သန်းအပြင် အသင်းမှ ချီလီကွင်းလယ်လူ ဗီဒယ်လ်ကိုပါ အလိုက်ပေးကမ်းလှမ်းရန် အသင့်ရှိနေကြောင်း ရေးသားခဲ့သည်။