ယနေ့ကစားမည့် ဥရောပလိဂ်ပွဲစဉ်များ သုံးသပ်ချက်

ယနေ့ကစားမည့် ဥရောပလိဂ်ပွဲစဉ်များ သုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 6 December 2019

ဗီလာရီးယဲလ် - အက်သလက်တီကို (စနေနံနက် ၂:၃၀ နာရီ)

အက်သလက်တီကိုရော ဗီလာရီးယဲလ်ပါ လက်ရှိရလဒ်ပိုင်းတွေ သိပ်မကောင်းကြဘူး။ အက်သလက်တီကိုက အဝေးကွင်းနိုင်ပွဲရဖို့ ရုန်းနေရသလို၊ ဗီလာရီးယဲလ်ကလည်း ရှုံးပွဲတွေ တောက်လျှောက်တွေ့နေတဲ့အထိ ပြန်ကျသွားတယ်။ ဗီလာရီး ယဲလ်တိုက်စစ်ပိုင်း မဆိုးလှပေမယ့် ခံစစ်ကအားလျော့လွန်းနေတယ်။ အက်သလက်တီကိုကတော့ အဝေးကွင်းမှာ တိုက်စစ်က ဂိုးရဖို့ ရုန်းကန်ရတတ်ပြီး ခံစစ်မှာလည်း ဒဏ်ရာပြဿနာတွေ ကြောင့်  အားလျော့နေတယ်။ ဗီလာရီးယဲလ်ကွင်းမှာအက်သလက်တီကို ရုန်းကန်ရနိုင်ပြီး ဂိုးနည်းသရေပွဲလို့ မှန်းချင်တယ်။

အင်တာမီလန် - ရိုးမား (စနေနံနက် ၂:၁၅ နာရီ)

ဦးဆောင်သူနေရာသိမ်းပိုက်နိုင်ခဲ့ပြီးနောက် အင်တာမီလန်ရဲ့ ယုံကြည်ခြင်းထုထည် ပိုပြီးမြင့်မားနေလိမ့်မယ်။ ကွန်တီရဲ့ အသင်းက နိုင်ပွဲတွေအတွက် စိတ်ပိုင်းဆိုင်ရာခိုင်မာအားကောင်းမှု ပိုရှိလာတယ်။ မာတီနက်ဇ်နဲ့ လူကာကူရဲ့ စွမ်းဆောင်ရည် က ပြိုင်ဘက်ခံစစ်တိုင်းကို ဖြိုခွဲနိုင်ဖို့ မခက်ဘူး။ ရိုးမားက အင်တာမီလန်ကို ဒုက္ခပေးနေကျအသင်း၊ နောက်ဆုံး (၃)ရာသီဆက် မရှုံးအောင်ကစားထားနိုင်တယ်။ ပြီးတော့ ရိုးမားက ဒီရာသီစီးရီးအေမှာ အဝေးကွင်းရလဒ်အကောင်းဆုံး ထိပ်ဆုံးလေးသင်းထဲမှာ ပါဝင်နေလို့ အင်တာမီလန် ပေါ့ဆလို့မရဘူး။ ဒါပေမဲ့ လက်ရှိ အင်တာမီလန်ရဲ့ နိုင်ပွဲဆာလောင်စိတ်ကို ရိုးမား မှီမယ်မထင်ဘူး။ တစ်ခုသတိထားရမှာက အင်တာမီလန်က အိမ်ကွင်းထက် အဝေးကွင်းမှာ ဂိုးတွေပိုရနေတာနဲ့ ရိုးမားရဲ့ တောင်ပံတိုက်စစ်တွေပါပဲ။ အင်တာမီလန် (၂-၁)ဂိုးလောက်နဲ့ အနိုင်ရပါမယ်။ 

ဖရန့်ဖတ် - ဟာသာဘာလင် (စနေနံနက် ၂:၀၀ နာရီ)

ဂျာမန်ဂန္ထဝင် ကလင်းစမန်းရဲ့ဟာသာဘာလင်အသင်းက အခုတစ်ပတ်မှာလည်း ရုန်းထနိုင်ဖို့ မဖြစ်နိုင်လောက်သေးဘူး။ ဖရန့်ဖတ် နိုင်ပွဲပြန်ရမှာပါ။

 

Most Read

Most Recent