နိုုဝင်ဘာပထမပတ်က ရွာသွန်းခဲ့သည့် အခါမဲ့မိုုးကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ခင်းအချို့အတွက် အထောက်အပ့ံဖြစ်ခဲ့သော်လည်း ရိတ်သိမ်းလက်စသီးနှံများ ပျက်စီးမှုများရှိခဲ့

နိုုဝင်ဘာပထမပတ်က ရွာသွန်းခဲ့သည့် အခါမဲ့မိုုးကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ခင်းအချို့အတွက် အထောက်အပ့ံဖြစ်ခဲ့သော်လည်း ရိတ်သိမ်းလက်စသီးနှံများ ပျက်စီးမှုများရှိခဲ့
  ရေနံချောင်းမြို့နယ်အတွင်း မြေပဲနုတ်သိမ်းခူးဆွတ်နေသည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
 ရေနံချောင်းမြို့နယ်အတွင်း မြေပဲနုတ်သိမ်းခူးဆွတ်နေသည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 16 November 2019
အောင်သူငြိမ်း

နိုုဝင်ဘာပထမပတ်က ရွာသွန်းခဲ့သည့် အခါမဲ့မိုုးများကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ခင်းအချို့ အထောက်အပ့ံဖြစ်ခဲ့သော်လည်း ရိတ်သိမ်းလက်စသီးနှံများ ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

အောက်တိုဘာလကုန်ပိုင်းက ရုတ်တရက် နေ့အပူချိန်မြင့်မားလွန်းမှုကြောင့် မကွေးတိုုင်းဒေသကြီးရှိ ရေနံချောင်း၊ ချောက်၊ နတ်မောက်စသည့်မြို့နယ်များအတွင်း ရိတ်သိမ်းရလုနီးမြေပဲစိုက်ခင်းများတွင် မြေကြီးများမာခဲ၍ နုုတ်သိမ်းရန်ခက်ခဲလွန်းသည့် အခြေအနေဖြစ်ပေါ်ခဲ့ကြောင်း၊ နိုဝင်ဘာပထမပတ်အတွင်းက ရွာသွန်းခဲ့သည့် အခါမဲ့မိုးများကြောင့် အဆိုပါအခြေအနေကြုံတွေ့နေရသည့် မြေပဲစိုက်ခင်းများအတွက် အထောက်အပံ့ကောင်းဖြစ်ခဲ့ကြောင်း၊ သိုု့သော် ယင်းမိုုးများကြောင့် ရိတ်သိမ်းလက်စမြေပဲစိုက်ခင်းများနှင့် နှမ်းစိုက်ခင်းအချို့တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တိုု့ မြို့နယ်တွေထဲမှာ မိုုးဦးပိုင်းက မိုးခေါင်ခဲ့ပြီး မိုးနှောင်းပိုင်းမှာ မိုးအားအတော်ကောင်းခဲ့ပါတယ်။ မိုးနှောင်းမှာမိုးတွေကောင်းခဲ့လို့ မြေပဲစိုုက်ခင်းတွေ အခြေအနေကောင်းခဲ့ပေမဲ့ မိုုးကုုန်ပိုုင်းကနေ ဆောင်းကိုုအကူးမှာ အအေးဓာတ်လုံးဝမရှိဘဲ နွေရာသီလိုကြီး ပူပြင်းလိုုက်တော့ မြေပဲခင်းတွေမှာ ဥတွေအောင်သင့်သလောက် မအောင်နိုင်တော့ဘဲ အပေါ်ယံမြေသားတွေ တင်းကျပ်ကုန်ပါတယ်။ အဲဒီအချိန်မှာ မိုုးလာရွာလိုက်တော့ မြေသားတင်းကျပ်နေတဲ့ စိုက်ခင်းတွေအတွက် အဆင်ပြေပေမဲ့ သိမ်းလက်စမြေပဲ ခင်းတချို့မှာ ပျက်စီးမှုတွေရှိခဲ့ပါတယ်။ အညာဒေသတွေမှာ မြေပဲရိုးကို နွေရာသီနွားစာအတွက် အားထားရတော့ မိုုးမိတဲ့မြေပဲရိုုးတွေ ရေရှည်အထားမခံတာမျိုးတွေ ဖြစ်ခဲ့တာပါ” ဟု ရေနံချောင်းမြို့နယ်အတွင်းမှ တောင်သူတစ်ဦးက ပြောကြားသည်။

ရေနံချောင်း၊ ချောက်၊ နတ်မောက်၊ မကွေးမြို့နယ်များအတွင်း ယခုနှစ် မြေပဲရိတ်သိမ်းရာသီတွင် မြေပဲထွက်နှုန်းများကောင်းခဲ့ကြောင်း၊ ရာသီပေါ် မြေပဲစျေးကွက်လည်း အတင့်အသင့် ကောင်းမွန်ခဲ့သော်လည်း လုပ်သားရှား၍ ကုန်ကျစရိတ်များလွန်းမှုကြောင့် တောင်သူများအတွက် တွက်ခြေကိုုက်သည့် အခြေအနေမရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်နှင့် ထိုမြစ်အတွင်းစီးဝင်သည့် ချောင်းများ နံဘေးဝဲယာရှိ ကိုင်းနှင့် မြေနုကျွန်းစိုက်ခင်းများတွင် နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဆောင်းသီးနှံစိုက်ပျိုးမှုများစတင်လျက်ရှိကြောင်း ယခုနှစ်တွင် မိုးနှောင်းပိုင်း မိုးအားကောင်းခဲ့သောကြောင့် မြေပဲများနုုတ်သိမ်းပြီးသည့်ယာ မြေများတွင် နွေနှမ်းစိုုက်ပျိုးမှုများ ယခင်နှစ်များထက် ပိုမိုများပြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent