အသင်းတစ်သင်းတည်းနှင့် လာလီဂါပွဲ(၃ဝဝ)ပြည့်သည့် (၅) ဦးမြောက်နည်းပြအဖြစ် ဆီမြွန်နီ မှတ်တမ်းဝင်

အသင်းတစ်သင်းတည်းနှင့် လာလီဂါပွဲ(၃ဝဝ)ပြည့်သည့် (၅) ဦးမြောက်နည်းပြအဖြစ် ဆီမြွန်နီ မှတ်တမ်းဝင်
Photo: EFE
Photo: EFE
Published 4 November 2019

အက်သလက်တိီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီသည် ဆီဗီလာနှင့် သရေကျသည့်ပွဲစဉ်အား ကိုင်တွယ်ပြီးနောက် အသင်းတစ်သင်းတည်းနှင့် လာလီဂါပွဲ (၃ဝဝ)ပြည့်သည့် (၅)ဦးမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

အက်သလက်တိီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီသည် ဆီဗီလာနှင့် သရေကျသည့်ပွဲစဉ်အား ကိုင်တွယ်ပြီးနောက် အသင်းတစ်သင်းတည်းနှင့် လာလီဂါပွဲ (၃ဝဝ)ပြည့်သည့် (၅)ဦးမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

အသက် (၄၉)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြ ဆီမြွန်နီသည် အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ကိုင်တွယ်ခဲ့ပြီး ယခုကဲ့သို့ လာလီဂါပွဲ (၃ဝဝ)ပြည့်မှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်သည်။ 

ဆီမြွန်နီသည် လာလီဂါပွဲ (၃ဝဝ)တွင် (၁၈၅)ပွဲနိုင်၊ (၆၈)ပွဲသရေ၊ (၄၇)ပွဲရှုံးမှတ်တမ်းကိုရရှိခဲ့ကြောင်းလည်း သိရသည်။ 

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီကဲ့သို့ အသင်းတစ်သင်းတည်းနှင့် လာလီဂါပွဲ (၃ဝဝ)ပြည့်ခဲ့သူများမှာ မူနော့ဇ် (ရီးယဲလ်မက်ဒရစ်၊ ၄၂၄ ပွဲ)၊ အာရာဂူးနက်စ် (အက်သလက်တီကိုမက်ဒရစ်၊ ၄၀၇ ပွဲ)၊ တိုရှက်ခ် (ဆိုစီဒက်၊ ၃၂၂ ပွဲ)နှင့် ယိုဟန်ခရိုက်ဖ် (ဘာစီလိုနာ၊ ၃ဝဝ ပွဲ)တို့ ဖြစ်သည်။

ဆီမြွန်နီသည် အက်သလက်တီကိုမက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့သည့် (၈)နှစ်တာကာလအတွင်း လာလီဂါချန်ပီယံဆု (၁)ကြိမ်၊ ယူရိုပါလိဂ် (၂)ကြိမ်၊ စပိန်ဘုရင့်ဖလား (၁)ကြိမ်၊ စပိန်စူပါဖလား (၁)ကြိမ်နှင့် UEFA စူပါဖလား (၂)ကြိမ် ရယူပေးနိုင်ခဲ့သည်။

 

Most Read

Most Recent