ချယ်လ်ဆီးလူငယ်ကြယ်ပွင့်များမှာ မန်ယူအသင်းလူငယ်ကစားသမားများထက် ရှေ့ရောက်နေပြီဟု ဆိုးလ်ရှား ဝန်ခံ

ချယ်လ်ဆီးလူငယ်ကြယ်ပွင့်များမှာ မန်ယူအသင်းလူငယ်ကစားသမားများထက် ရှေ့ရောက်နေပြီဟု ဆိုးလ်ရှား ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 30 October 2019

ချယ်လ်ဆီးလူငယ်ကြယ်ပွင့်များမှာ မန်ယူအသင်းတွင်ရှိနေသည့် လူငယ်ကစားသမားများထက် ရှေ့ကြိုရောက်နေပြီဟု မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဝန်ခံခဲ့သည်။ 

ချယ်လ်ဆီးလူငယ်ကြယ်ပွင့်များမှာ မန်ယူအသင်းတွင်ရှိနေသည့် လူငယ်ကစားသမားများထက် ရှေ့ကြိုရောက်နေပြီဟု မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဝန်ခံခဲ့သည်။ 

လိဂ်ဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့သည် အောက်တိုဘာ (၃၀) ရက်(ယနေ့)တွင် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၌ ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ပြီး အောက်တိုဘာ (၂၉)ရက်ကပြုလုပ်ခဲ့သည့်  ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဆိုးလ်ရှားက ယင်းသို့ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

    

ဆိုးလ်ရှားနှင့် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်တို့မှာ ယခုရာသီတွင် လူငယ်များကို အခွင့်အရေးပေးနေသူများဖြစ်ပြီး လမ်းပတ် အနေဖြင့် အပြောင်းအရွှေ့ပိတ်ပင်သည့်ပြစ်ဒဏ်ကြောင့် အကယ်ဒမီမှ ကစားသမားအများအပြား ရွေးချယ်ခဲ့ရသည်။ 

"ချယ်လ်ဆီးအသင်းဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့အသင်းပါ။  ဖရန့်(လမ်းပတ်)ဆီမှာ လိဂ်ချန်ပီယံရှစ်ကို တစ်ရာသီ၊ ဒါမှမဟုတ် နှစ်ရာသီသွားကစားထားတဲ့ ကစားသမားတွေရှိပါတယ်။ ဒါက ကျွန်တော့်ရဲ့လူငယ်ကစားသမားတွေနဲ့ ချယ်လ်ဆီးအသင်းကြားမှာရှိတဲ့ ခြားနားချက်ပါပဲ။ ချယ်လ်ဆီးလူငယ် ကစားသမားတွေက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေနိုင်ပါပြီ။ နောက်ဆုံး ကစားခဲ့တဲ့ပွဲတွေကို လွဲချော်ခဲ့တဲ့ တွမ်ဇီဘီက ပြီးခဲ့တဲ့ရာသီမှာ ဗီလာအသင်းထံ အငှားသွား ကစားခဲ့ပါတယ်။ ဒီလိုကစားလို့ရတဲ့ အကျိုးအမြတ်ကို မြင်နိုင်မှာပါ။ ချယ်လ်ဆီးလူငယ်ကစားသမားတွေက အဲဒီကနေ ရသလောက်အကျိုး အမြတ်ယူနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါ တယ်။ သူတို့ဟာ ရင့်ကျက်တဲ့လူငယ်အသင်း တစ်သင်းပဲဖြစ်ပါတယ်"ဟု ဆိုးလ်ရှားက မှတ်ချက်ပြုခဲ့သည်။ 

ထို့ပြင် ဆိုးလ်ရှားက ယခုရာသီတွင် ဂရင်းဝုဒ်၊ တာဟစ်ချောင်၊ အိန်ဂျယ် ဂိုးမက်ဇ်၊ ဂျိမ်းစ်ဂါနာ၊ ဝီလီယံစ်စသည့် လူငယ်ကစားသမားများကို အသင်းကြီးတွင် ခေါ်သုံးကစားနေရခြင်းမှာ သူ့အတွက် စိန်ခေါ်မှုကြီး ဖြစ်သော်လည်း အကျိုးအမြတ်ရလိမ့်မည်ဟု သုံးသပ်သွားခဲ့သည်။

 

Most Read

Most Recent