အာဆင်နယ်နည်းပြရာထူးမှ အူနိုင်းအမ်မရီ ထုတ်ပယ်ခံရရန် ပိုမိုရေပန်းစားလာခဲ့ပြီး ချာကာ၏ အပြုအမူကြောင့် ဝေဖန်မှုများမြင့်တက်

အာဆင်နယ်နည်းပြရာထူးမှ အူနိုင်းအမ်မရီ ထုတ်ပယ်ခံရရန် ပိုမိုရေပန်းစားလာခဲ့ပြီး ချာကာ၏ အပြုအမူကြောင့် ဝေဖန်မှုများမြင့်တက်
Photos: PA & DAZN
Photos: PA & DAZN
Published 29 October 2019

အာဆင်နယ်အသင်း၏ နည်းပြ အူနိုင်းအမ်မရီသည် ရာထူးမှ ထုတ်ပယ်ခံရရန် ပိုမိုရေပန်းစားလာခဲ့ပြီး ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ်လ်၊ အဲဗာတန်နည်းပြ မာကို ဆေးလ်ဗား၊ စပါးနည်းပြ ပိုချက်တီနိုတို့၏နောက် စတုတ္ထနေရာသို့ (၈း၁)လေးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းပရိသတ်များသည်  ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲမှ အပြုအမူများအတွက်ချာကာအား အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားရုံသာမက ရောင်းထုတ်ပစ်ရန်  လူမှုကွန်ရက်များပေါ်တွင် တောင်းဆိုလာကြသည့်အပြင် အူနိုင်းအမ်မရီကိုလည်း ရာထူးမှထုတ်ပယ်ပစ်ရန် လှုံ့ဆော်နေကြကြောင်း သိရှိရသည်။ 

ချာကာ၊ အူဘာမီယန်းတို့၏နောက် တတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့် နောက်ခံလူ ဘယ်လာရင်ကမူ လက်ရှိရင်ဆိုင်နေရသည့် ပြဿနာများကို အားလုံးညီညွတ်စွာ ပူးပေါင်းဖြေရှင်းသွားရန် လိုအပ်ကြောင်း၊ စာနာမှုအပေါ် အခြေခံ၍ ဖေးမကူညီပေးသင့် ကြောင်း၊ ဖြေရှင်းရခက်သည့် အခြေအနေသို့ ရောက်ရှိအောင် တွန်းမပို့သင့်ကြောင်း တိုက်တွန်းမှုပြုလုပ်ခဲ့သည်။ 

Daily Express သတင်းစာကမူ အာဆင်နယ်အသင်းအနေဖြင့် အူနိုင်းအမ်မရီကို ရာထူးမှ ထုတ်ပယ်ခဲ့ပါက လက်ရှိအချိန်တွင် အသင်း လက်မဲ့ဖြစ်နေသော ဘာစီလိုနာနှင့် စပိန်နည်းပြဟောင်း လူးဝစ်အင်းနရစ်ကို ခန့်အပ်သင့်သည်ဟု အကြံပြုခဲ့သည်။

Most Read

Most Recent