ဘရာဇီးလ်အတွက် ပွဲ(၁ဝဝ)ပြည့်သည့် (၇) ဦးမြောက်အဖြစ် နေမာ မှတ်တမ်းဝင် 

ဘရာဇီးလ်အတွက် ပွဲ(၁ဝဝ)ပြည့်သည့် (၇) ဦးမြောက်အဖြစ် နေမာ မှတ်တမ်းဝင် 
Photos: Getty Images & AP
Photos: Getty Images & AP
Published 11 October 2019

PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် အောက်တိုဘာ (၁၀) ရက်နေ့က စင်ကာပူနိုင်ငံ၌ ကစားခဲ့သည့်   ဆီနီဂေါအသင်းနှင့် (၁-၁)ဂိုး သရေကျသည့်ပွဲတွင် ပါဝင်ကစားခဲ့ပြီးနောက် လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ပွဲ (၁ဝဝ)ပြည့် သည့် (၇)ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

အသက် (၂၇) နှစ်ရှိ နေမာသည် ဘရာဇီးလ်အသင်းသမိုင်းတွင် ပွဲအများဆုံးကစားထားသည့် နောက်ခံလူဟောင်း ကာဖူး၊ ရောဘတ်တိုကားလို့စ်၊ လူစီယို၊ ဂိုးသမားဟောင်း တာဖာရယ်လ်၊ ဒန်နီအဲလ်ဗတ်စ်၊ ရော်ဘင်ဟိုတို့နှင့်အတူ (၇)ဦး မြောက် ပွဲ(၁ဝဝ) ပြည့်သူ ဖြစ်လာခဲ့သည်။ 

ထို့ ပြင် နေမာသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲ (၁ဝဝ)ပြည့်မြောက်သူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

နေမာသည်  ယခုပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသော်လည်း ဘရာဇီးလ်အတွက် (၆၁)ဂိုးသွင်းယူပေးထားပြီး ဂိုးအများဆုံးသွင်းသူစာရင်းတွင် ပီလီ (၉၂ ပွဲ၊ ၇၇ ဂိုး)နှင့် ရော်နယ်လ်ဒို (၉၈ ပွဲ၊ ၆၂ ဂိုး)တို့နောက် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ 

စင်ကာပူနိုင်ငံတွင် ကစားခဲ့သည့် အဆိုပါခြေစမ်းပွဲစဉ်တွင် ဘရာဇီးလ်အသင်းမှာ အဓိကကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ပွဲချိန် (၉) မိနစ်၌ ဖေမီနိုက ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဆီနီဂေါတိုက်စစ်မှူး ဒီဟီအူက (၄၅)မိနစ်တွင် ချေပဂိုးပြန်သွင်းယူခဲ့သည်။ 

■ ဘရာဇီးလ်အတွက်ပွဲ (၁ဝဝ)ပြည့်ကစားထားသူများ

အမည်        ပွဲ

ကာဖူး        ၁၄၂

ရောဘတ်တိုကားလို့စ်    ၁၂၅

ဒန်နီအဲလ်ဗတ်     ၁၁၇

လူစီယို        ၁၀၅

တာဖာရယ်လ်    ၁၀၁

ရော်ဘင်ဟို        ၁ဝဝ

နေမာ        ၁ဝဝ

Most Read

Most Recent