စပို့တင်းလစ္စဘွန်းအသင်းမှ ကစားသမားများကို ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း မန်ယူသို့ မခေါ်ယူရန် နည်းပြသစ် အာမိုရင်မ် စပို့တင်းအသင်းနှင့် သဘောတူညီမှုယူထား

စပို့တင်းလစ္စဘွန်းအသင်းမှ ကစားသမားများကို ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း မန်ယူသို့ မခေါ်ယူရန် နည်းပြသစ် အာမိုရင်မ် စပို့တင်းအသင်းနှင့် သဘောတူညီမှုယူထား
Photo: TNL
Photo: TNL
Published 11 November 2024

မန်ယူအသင်း၏နည်းပြသစ် အာမိုရင်မ်သည် စပို့တင်းလစ္စဘွန်းအသင်းမှ ကစားသမားများကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း မန်ယူအသင်းသို့ မခေါ်ယူရန် စပို့တင်းအသင်းတာဝန်ရှိသူများနှင့် သဘောတူညီမှုရယူထားကြောင်း Mirror က ဖော်ပြခဲ့သည်။

အာမိုရင်မ်သည် စပို့တင်းလစ္စဘွန်းအသင်းကို ရာသီကုန်အထိ ကိုင်တွယ်ရန် ဆန္ဒရှိခဲ့သော်လည်း မန်ယူအသင်း၏ ကမ်းလှမ်းမှုရရှိခဲ့သည့်အတွက် စပို့တင်းလစ္စဘွန်းနှင့် လမ်းခွဲပြီး မန်ယူအသင်းကို ပြောင်းလဲကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် စပို့တင်းလစ္စဘွန်းအသင်း အလိုရှိသည့်အတိုင်း နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်မတိုင်မီအထိ အသင်းအား ကိုင်တွယ်ပေးခဲ့သလို၊ စပို့တင်းလစ္စဘွန်းအသင်းမှ ကစားသမားများကို ဇန်နဝါရီအပြောင်းအရွှေ့၌ မခေါ်ယူရန်လည်း ကတိပေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ်မှူး ဂျိုကယ်ရက်စ်မှာ ဥရောပထိပ်တန်းကလပ်အသင်းများစွာ၏ ပစ်မှတ်ကစားသမားဖြစ်နေပြီး မန်ယူအသင်း ချိန်ရွယ်နေသည့် တိုုက်စစ်မှူးလည်း ဖြစ်သည်။

သို့သော် အာမိုရင်မ်၏ ကတိစကားကြောင့် ဇန်နဝါရီကာလတွင် အခြားအသင်းများက လက်ဦးမှုရယူသွားနိုင်ကြောင်းလည်း Mirror က သုံးသပ်ခဲ့သည်။

သို့သော် အာမိုရင်မ်က နွေရာသီတွင် ၎င်းကို ခေါ်ယူနိုင်မည်ဟု ယုံကြည်ထားခြင်းကြောင့်ဖြစ်နိုင်သည်ဟုလည်း ဖော်ပြခဲ့သည်။

 

Most Read

Most Recent