■ ဂျာမနီအကောင်းဆုံးလူငယ်ကြယ်ပွင့် (၂) ဦးကို အသင်းတွင် တွဲဖက်ကစားစေရန် ဘိုင်ယန်မြူးနစ် ဆန္ဒရှိနေ     

■ ဂျာမနီအကောင်းဆုံးလူငယ်ကြယ်ပွင့် (၂) ဦးကို အသင်းတွင် တွဲဖက်ကစားစေရန် ဘိုင်ယန်မြူးနစ် ဆန္ဒရှိနေ     
Published 11 October 2024

လေဗာကူဆင်အသင်း၏ ဂျာမနီ လူငယ်ကြယ်ပွင့်တောင်ပံကစားသမား ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူလိုသည့် အသင်းများထဲတွင် ဘိုင်ယန်မြူးနစ်အသင်း ပါဝင်‌နေရာ ၎င်းတို့ အသင်းသည် ဂျာမနီဘောလုံးလောက၏အတောက်ပဆုံး လူငယ်ကြယ်ပွင့်နှစ်ဦးကို  တွဲဖက်ကစားစေလိုခြင်းကြောင့်ဖြစ်သည်ဟု အသင်းဘက်မှ ဆိုခဲ့သည်။

    

ဖလော်ရီယန်ဗက်ဇ်သည် လေဗာကူဆင်အသင်း၏ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး အခြားဥရောပ ထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင် စားခြင်းကိုခံနေရသူလည်းဖြစ်သည်။ 

ဂျာမနီဘောလုံးပရိသတ်များကမူ ဘိုင်ယန်မြူးနစ်အသင်းသည် ယခင်က ဒေါ့မွန်အသင်းနှင့် လိုက်ပ်ဇစ်အသင်းတို့၏ ကစားသမားကောင်းများကို ပစ်မှတ်ထားခဲ့ဖူးသလို ယခုအခါ လေဗာကူဆင်ကို ပစ်မှတ်ထားလာခဲ့ပြီဟု ဝေဖန်လျက်ရှိသည်။

သို့သော် ဘိုင်ယန်မြူးနစ်ကမူ ဂျာမနီအကောင်းဆုံးကစားသမားနှစ်ဦးဖြစ်သည့် ဗက်ဇ်နှင့် မူစီယာလာတို့ကို တွဲဖက်ကစားစေလို ခြင်းသာဖြစ်သည်ဟု ဆိုခဲ့သည်။

အသက် (၂၁) နှစ်အရွယ်ရှိ ဖလော်ရီယန်ဗက်ဇ်သည် လေဗာကူဆင်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး လေဗာကူဆင်အသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) အလိုရှိနေကြောင်း သိရသည်။ 

ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အပြင် ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

Most Read

Most Recent