ဂရင်းဝုဒ်အား ယူရိုသန်း (၆၀) ဖြင့် ခေါ်ယူရန် ဘာစီလိုနာအသင်း စီစဉ်

ဂရင်းဝုဒ်အား ယူရိုသန်း (၆၀) ဖြင့် ခေါ်ယူရန် ဘာစီလိုနာအသင်း စီစဉ်
Photo: X
Photo: X
Published 3 October 2024

ဘာစီလိုနာအသင်းသည် လာမည့် ၂၀၂၅ နွေရာသီအပြောင်းအရွှေ့ကာလတွင် မာဆေးလ်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်အား ယူရိုသန်း (၆၀) ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

အသက် (၂၃) နှစ်အရွယ်ရှိ ဂရင်းဝုဒ်သည် ပြီးခဲ့သည့်နွေရာသီကမှ မန်ယူအသင်းမှ မာဆေးလ်အသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူ ရို (၃၁.၆) သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

၎င်းသည် ယခုရာသီ မာဆေးလ်အသင်းတွင် ခြေစွမ်းပြနေပြီး လီဂူး-၁ ပွဲစဉ်(၆) ပွဲကစားရာတွင် (၅) ဂိုးအထိ သွင်းယူထားသည်။

ဘာစီလိုနာအသင်းသည် ဂရင်းဝုဒ်အား ခေါ်ယူရန် ယခင်ကတည်းက စိတ်ဝင်စားခဲ့ပြီး လာမည့် ၂၀၂၅ နွေရာသီတွင် အရခေါ်ယူရန် ဆန္ဒပြင်းပြနေကြောင်း သိရှိရသည်။

The Sun သတင်းစာ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် လာမည့် ၂၀၂၅ နွေရာသီတွင် ဂရင်းဝုဒ်အတွက် မာဆေးလ်အသင်းထံ ယူရိုသန်း (၆၀) ဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent