စပိန်လာလီဂါပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 3 November 2024

အက်သလက်တီကို - လက်စ်ပါမားစ် (တနင်္ဂနွေည ရး၃၀ နာရီ)

အက်သလက်တီကိုကစားပုံက တောက်လျှောက်ပြိုဆင်း သလိုဖြစ်နေတယ်။ ရာသီအစတည်ငြိမ်သလိုရှိခဲ့တဲ့ ခံစစ်ကစား ပုံလည်း ယိုင်ထွက်သွားသလိုဖြစ်နေတယ်။ နောက်ဆုံး (၅)ပွဲ မှာနိုင်ပွဲ (၁)ပွဲသာရထားပြီး ခံစစ်ကလည်း (၅)ပွဲစလုံးဂိုးပေးထား ရတယ်။ လက်စ်ပါမားစ်ကတော့ ခုတလောခြေပြန်တွေ့နေပြီး နောက်ဆုံး (၂)ပွဲဆက်ပါအနိုင်ထားတယ်။ ဒါပေမဲ့ နိုင်ပွဲပြန်ရှာ ဖို့ရှိနေတဲ့ အက်သလက်တီကိုနဲ့ ဂိုးအများပဲကြိုက်တယ်။

ဘာစီလိုနာ - အက်စ်ပန်ညို (တနင်္ဂနွေည ၉း၄၅ နာရီ)

ကတ်တလန်ဒါဘီပြိုင်ဘက်ဆိုပေမယ့် အက်စ်ပန်ညိုက ဒီရာသီမှ တန်းပြန်တက်လာတဲ့အသင်းဖြစ်ပြီး ဘာစီလိုနာကို လက်ရှိခြေစွမ်းအရ ဘယ်လိုမှယှဉ်နိုင်ဖို့မရှိပါဘူး။ ကစားရမှာ ကလည်း ဘာစီလိုနာရဲ့ကွင်းမှာဆိုတော့ ဒီပွဲမှာ ဘာစီလိုနာ တိုက်စစ်မှူးတွေ ဂိုးဘယ်လောက်ထပ်သွင်းမလဲဆိုတာပဲ စောင့်ကြည့်ရဖို့ရှိနေတယ်။ ဘာစီလိုနာတိုက်စစ်ကလည်း ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်ပွဲကစလို့ နောက်ဆုံး (၅)ပွဲမှာတစ် ပွဲပျမ်းမျှ (၄)ဂိုးအထိ သွင်းယူထားလို့ အဝေးကွင်းကစားပုံလျော့ ပြီး နဂိုကတည်းက ဘာစီလိုနာကွင်းမှာ မယှဉ်နိုင်တဲ့အပြင် အစဉ်အလာလည်းသိပ်မရှိတဲ့ အက်စ်ပန်ညိုတို့ ဂိုးအများကြီး မပေးရအောင်ပဲ အတတ်နိုင်ဆုံးထိန်းကစားသွားဖို့ရှိပါတယ်။ ချန်ပီယံဆုအတွက် အမှားခံဖို့မရှိတဲ့ အိမ်ရှင်ဘာစီလိုနာနဲ့ ဂိုးအများပဲဆက်ပြီးရွေးထားရဦးမယ်။

ဆီဗီလာ - ဆိုစီဒက် (တနင်္ဂနွေ ၀၀း၀၀ နာရီ)

ဆီဗီလာရဲ့ ဒီရာသီခြေစွမ်းက ပြီးခဲ့တဲ့ရာသီကထက်တော့ သာတယ်။ ဆိုစီဒက်ကတော့သိသိသာသာလျော့ကျသွားပြီး အဝေးကွင်းခြေစွမ်းလည်း ပုံမှန်မရှိဘူး။ ဒီပွဲအပြီး ပွဲကျပ်တွေ လည်းကစားရမှာဆိုတော့ ဆိုစီဒက်ကို ဒီပွဲမှာစိတ်မချရဘူးထင် တယ်။ ဒါ့ပြင် လက်ရှိခြေစွမ်းမှာလည်း ဆီဗီလာက ပိုတည်ငြိမ် သလိုဖြစ်နေလို့ ရောင်းအားရှိမယ့်ညလေးမှာ ဆီဗီလာနဲ့ ဂိုးအ နည်းပဲရွေးထားချင်တယ်။

ဘီလ်ဘာအို - ဘက်တစ် (တနင်္လာနံနက် ၂း၃၀ နာရီ)

နှစ်သင်းစလုံး ဥရောပပွဲတွေကစားဖို့ရှိနေလို့ ထိန်းကစား သွားကြဖို့ပဲများတယ်။ ဘီလ်ဘာအိုအိမ်ကွင်းမှာနိုင်ပွဲဆက်နေ ပေမယ့် ဘက်တစ်ရဲ့အဝေးကွင်းကစားအားနဲ့ ဂိုးသွင်းနှုန်းကကျ နေတယ်။ ဘီလ်ဘာအိုဂိုးရအောင်ကစားနိုင်ခဲ့ရင်အနိုင်ရဖို့များ မယ့်ပွဲလို့ပဲထင်တယ်။ ဂိုးနည်းမယ်။