(၄)ဂိုးသွင်းခဲ့သည့် နာဘရီနှင့် စပါး (၂-၇) ဘိုင်ယန်မြူးနစ်ပွဲမှ ထူးခြားမှတ်တမ်းများ

(၄)ဂိုးသွင်းခဲ့သည့် နာဘရီနှင့် စပါး (၂-၇) ဘိုင်ယန်မြူးနစ်ပွဲမှ ထူးခြားမှတ်တမ်းများ
Photos: Getty Images &  Reuters
Photos: Getty Images & Reuters
Published 2 October 2019

စပါးအသင်း၏ အခါးသီးဆုံးပြိုင်ဘက် အာဆင်နယ်အသင်းတွင် ကစားခဲ့ဖူးသည့် ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား နာဘရီသည် ချန်ပီယံလိဂ်သမိုင်းတွင် ပွဲစဉ်တစ်ပွဲအတွင်း ဒုတိယပိုင်း၌ (၄)ဂိုးသွင်းသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

နာဘရီသည် မာရီယိုဂိုးမက်ဇ်ပြီးနောက် ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲတွင် (၄)ဂိုးသွင်းနိုင်သည့် ဒုတိယမြောက် ဂျာမနီကစားသမားဖြစ်လာခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်သမိုင်းတွင် အဝေးကွင်း၌ ဒုတိယအကြိမ် (၇)ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်မှာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာက အဝေးကွင်းတွင် ရိုးမားအသင်းကို (၇-၁)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

စပါးအသင်းအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းကို (၂-၇)ဂိုးဖြင့် ရှုံးနိမ့်ခြင်းမှာ ဥရောပပြိုင်ပွဲများ၌ အင်္ဂလန်ကလပ်အသင်းများထဲတွင် ဂိုးအပြတ်ဆုံး ရှုံးပွဲဖြစ်ခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်းအား (၂-၇)ဂိုးဖြင့် ရှုံးနိမ့်ခြင်းမှာ စပါးနည်းပြ ပိုချက်တီနိုအတွက် နည်းပြဘဝအတွက် ဂိုးပြတ်ဆုံးရှုံးပွဲအဖြစ် ၂၀၁၂ ခုနှစ်တွင် မာယော့ကာအသင်းကို ကိုင်တွယ်စဉ်က ရီးယဲလ်မက်ဒရစ်အသင်းကို (၀-၅)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲနှင့်အတူ မှတ်တမ်းဝင်ခဲ့သည်။ 

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ယခုရာသီပြိုင်ပွဲစုံ (၁၀)ပွဲကစားရာတွင် (၁၄)ဂိုးအထိ သွင်းယူထားပြီး ယင်းမှာ ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် အများဆုံးဖြစ်သည်။ 

Most Read

Most Recent