ဇန်နဝါရီတွင်ထွက်ခွာရန် ပေါ့ဘာ ဆန္ဒရှိနေပြီး မန်ယူအသင်း၌ဆက်ရှိစေလိုပါက လက်ရှိလစာ၏နှစ်ဆတစ်ပတ်ပေါင်ခြောက်သိန်းအထိ တိုးမြှင့်ပေးရန် တောင်းဆိုထားဟု Tuttosport သတင်းစာဖော်ပြ

ဇန်နဝါရီတွင်ထွက်ခွာရန် ပေါ့ဘာ ဆန္ဒရှိနေပြီး မန်ယူအသင်း၌ဆက်ရှိစေလိုပါက လက်ရှိလစာ၏နှစ်ဆတစ်ပတ်ပေါင်ခြောက်သိန်းအထိ တိုးမြှင့်ပေးရန် တောင်းဆိုထားဟု Tuttosport သတင်းစာဖော်ပြ
Photos: AFP
Photos: AFP
Published 29 September 2019

ပေါ့ဘာသည် ယခုနွေရာသီ ကတည်းက ထွက်ခွာခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း မန်ယူအသင်းက ၎င်း၏ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၈၀ အထိ သတ်မှတ်ခဲ့သောကြောင့် အသင်းဟောင်း ဂျူဗင်တပ်စ် နှင့် ရီးယဲလ်အသင်းတို့က ခေါ်ယူရန် လက်တွန့်နေခြင်းဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် ဇန်နဝါရီတွင် ပေါ့ဘာကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းဖွယ်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက သတင်းများထွက်လာသလို ကစားသမားကိုယ်တိုင်ကလည်း ထွက်ခွာရန် ဆန္ဒရှိနေကြောင်း အီတလီနှင့် စပိန်သတင်းစာများက ဖော်ပြလျက်ရှိသည်။ 

မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာသည် လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ထွက်ခွာခွင့်ရရန် ဆန္ဒရှိနေပြီး အသင်း၌ ဆက်ရှိစေလိုပါက လက်ရှိလစာ၏ နှစ်ဆအဖြစ် တစ်ပတ်လျှင် ပေါင် ခြောက်သိန်းအထိ တိုးမြှင့်ပေးရန် တောင်းဆိုထားကြောင်း အီတလီ အခြေစိုက် Tuttosport သတင်းစာက ဖော်ပြခဲ့သည်။

ပေါ့ဘာသည် ယခုနွေရာသီ ကတည်းက ထွက်ခွာခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း မန်ယူအသင်းက ၎င်း၏ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၈၀ အထိ သတ်မှတ်ခဲ့သောကြောင့် အသင်းဟောင်း ဂျူဗင်တပ်စ် နှင့် ရီးယဲလ်အသင်းတို့က ခေါ်ယူရန် လက်တွန့်နေခြင်းဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် ဇန်နဝါရီတွင် ပေါ့ဘာကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းဖွယ်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက သတင်းများထွက်လာသလို ကစားသမားကိုယ်တိုင်ကလည်း ထွက်ခွာရန် ဆန္ဒရှိနေကြောင်း အီတလီနှင့် စပိန်သတင်းစာများက ဖော်ပြလျက်ရှိသည်။ 

မန်ယူအသင်း နှင့် ပေါ့ဘာ၏ စာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်ရှိနေသေးပြီး အသင်းဘက်မှ တစ်နှစ်ထပ်မံတိုးမြှင့်ခွင့်ရှိ နေကြောင်း သိရသည်။ ၎င်းသည် လက်ရှိစာချုပ်အရ တစ်ပတ်လစာ ပေါင် ၂၉၀၀၀၀ ရရှိနေပြီး နွေရာသီတွင် အင်တာမီလန်အသင်းသို့ ဆန်းချက်ဇ် အငှားဖြင့် ထွက်ခွာသွားပြီးနောက် အသင်း၏ လစာအများဆုံး ကစားသမားဖြစ်လာသည်။ သို့သော် မကြာသေးမီက စာချုပ်သက်တမ်း တိုးမြှင့်ခဲ့သည့် စပိန်လက်ရွေးစင် ဂိုးသမား ဒီဟေးယားက တစ်ပတ်လစာ ပေါင် ၃၇၅၀၀၀ ဖြင့် အများဆုံးရရှိမည်ဖြစ်ရာ ၎င်းက လက်ရှိ၏လစာအဖြစ် ပေါင်ခြောက်သိန်းဝန်းကျင်အထိရရှိရန် မျှော်လင့်နေခြင်း ဖြစ်သည်။ အကယ်၍ ပေါ့ဘာအနေ ဖြင့် တစ်ပတ်လစာ ပေါင်ခြောက်သိန်းဝန်းကျင်ရရှိပါက တစ်နှစ်လျှင် ပေါင်သန်း ၃၀ အထိ ရရှိမည်ဖြစ်ကြောင်း Tuttosport သတင်းစာက ဖော်ပြထားသည်။

ပေါ့ဘာသည် ယခုရာသီတွင် ခြေချင်းဝတ်ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲသာ ကစားခွင့် ရထားပြီး ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ပေးထားသည်။ ၎င်းသည် ဒဏ်ရာ ပြန်လည်သက်သာလာပြီးနောက် စက်တင်ဘာ လအတွင်း ပထမဆုံး ပွဲအဖြစ် League One  ကလပ် ရော့ချ်ဒေးလ်အသင်းနှင့် လိဂ်ဖလား ပွဲတွင် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သော်လည်း ပွဲအပြီး စစ်ဆေးမှုအရ ခြေချင်းဝတ်ကို ပြန်လည်ထိခိုက်မိခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် ယင်းပွဲအပြီးတွင် ဒီဟေးယားက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိသလို အာဆင်နယ်အသင်းနှင့် ကစားမည့်ပွဲကိုလည်း လွဲချော်ဖွယ်ရှိနေသည်။

Most Read

Most Recent