လိဒ်စ်အသင်းနှင့် နည်းပြ ဘီယဲလ်ဆာတို့ FIFA Fair Play ဆုရရှိခြင်းအတွက် လမ်းပတ် မေးခွန်းထုတ်

လိဒ်စ်အသင်းနှင့် နည်းပြ ဘီယဲလ်ဆာတို့ FIFA Fair Play ဆုရရှိခြင်းအတွက် လမ်းပတ် မေးခွန်းထုတ်
Photos: Getty Images
Photos: Getty Images
Published 29 September 2019

လိဂ်ချန်ပီယံရှစ်ပွဲစဉ်အဖြစ် လိဒ်စ်အသင်းနှင့် ဗီလာအသင်းတို့ တစ်ဂိုးစီသရေကျသည့်ပွဲတွင် ဗီလာအသင်း ကစားသမားတစ်ဦး ဒဏ်ရာရနေစဉ် လိဒ်စ်အသင်းက ပွဲရပ်ဆိုင်းခြင်းမပြုဘဲ ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ လိဒ်စ်အသင်းကစားသမားများသည် ပွဲပြန်လည်စတင်ရာတွင် ဘောလုံးကိုလိုက်မလုဘဲ ရပ်ကြည့်နေခဲ့ကြပြီး ဗီလာအသင်းအား ချေပဂိုးပြန်လည်သွင်းယူခွင့်ပြုခဲ့သောကြောင့် ယခုနှစ်အတွက် FIFA Fair Play ဆု ချီးမြှင့်ခံရခြင်းဖြစ်သည်။ 

 

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်သည် လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းနှင့် နည်းပြ ဘီယဲလ်ဆာတို့ FIFA Fair Play ဆုရရှိခြင်းအတွက် မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။

ဧပြီလအတွင်း လိဂ်ချန်ပီယံရှစ်ပွဲစဉ်အဖြစ် လိဒ်စ်အသင်းနှင့် ဗီလာအသင်းတို့ တစ်ဂိုးစီသရေကျသည့်ပွဲတွင် ဗီလာအသင်း ကစားသမားတစ်ဦး ဒဏ်ရာရနေစဉ် လိဒ်စ်အသင်းက ပွဲရပ်ဆိုင်းခြင်းမပြုဘဲ ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ လိဒ်စ်အသင်းကစားသမားများသည် ပွဲပြန်လည်စတင်ရာတွင် ဘောလုံးကိုလိုက်မလုဘဲ ရပ်ကြည့်နေခဲ့ကြပြီး ဗီလာအသင်းအား ချေပဂိုးပြန်လည်သွင်းယူခွင့်ပြုခဲ့သောကြောင့် ယခုနှစ်အတွက် FIFA Fair Play ဆု ချီးမြှင့်ခံရခြင်းဖြစ်သည်။ 

သို့သော် ဘီယဲလ်ဆာသည် ပြီးခဲ့သည့်ရာသီက ဒါဘီအသင်းကို လမ်းပတ်ကိုင်တွယ်စဉ် ဒါဘီအသင်း၏လေ့ကျင့်မှုအစီအစဉ်ကို လျှို့ဝှက်စုံစမ်းထောက်လှမ်းခဲ့သောကြောင့် ပေါင် နှစ်သိန်း ဒဏ်ကြေးချမှတ်ခံရသဖြင့် Fair Play ဆုရရှိခြင်းအပေါ် ၎င်းက မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်ပြုံးမိတယ်။ အဲဒီဆုအတွက် ဘယ်သူတွေမဲပေးခဲ့ကြလဲဆိုတာ ကျွန်တော်တို့ ဘယ်သိပါ့မလဲ။ သူတို့က လျှို့ဝှက်စုံစမ်းမှုလုပ်ခဲ့လို့ ဒဏ်ကြေး ချမှတ် ခံရပြီးတော့ စည်းမျဉ်းကိုတောင် အပြောင်းအလဲ နည်းနည်းလုပ်ခဲ့ရပါတယ်။ ဆုရတာက မှားနေတယ်လို့တော့ ကျွန်တော်ခံစားမိတယ်။ Fair Play ဆုရတယ်ဆိုတော့ အဲဒီကိစ္စကို အရင်ဆုံးတွေးမိတယ်။ ဒီဆုံးဖြတ် ချက်က အံ့သြစရာကောင်းပါတယ်" ဟု လမ်းပတ်က ဝေဖန်ပြောကြားခဲ့သည်။

ထို့အပြင် လမ်းပတ်က မိမိအသင်း၏ လူငယ်ကစားသမားများကို ယုံကြည်မှုရှိကြောင်းနှင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် (၄) နေရာအတွက် ယှဉ်ပြိုင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။

 

Most Read

Most Recent