လိဂ်ဖလားပြိုင်ပွဲ တတိယအဆင့် ပထမနေ့ပွဲစဉ်များကို မနေ့က ယှဉ်ပြိုင်ကစားရာ လက်ရှိချန်ပီယံ မန်စီးတီး၊ အာဆင်နယ်၊ လက်စတာ၊ အဲဗာတန်၊ ဆောက်သမ်တန်၊ ဝက်ဖို့ဒ် စသည့်ပရီးမီးယားလိဂ်ကလပ်များ နိုင်ပွဲအသီးသီးရရှိခဲ့သော်လည်း စပါးတစ်သင်းတည်းသာ ကိုလ်ချက်စတာအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
စပါးအသင်းနည်းပြ ပိုချက်တီနိုက လိဂ်ဖလား တတိယအဆင့်၌ စတုတ္ထတန်း (League Two) ကလပ် ကိုလ်ချက်စတာအသင်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားသစ် ထပ်မံအားဖြည့်ခေါ်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လိဂ်ဖလားပြိုင်ပွဲ တတိယအဆင့် ပထမနေ့ပွဲစဉ်များကို မနေ့က ယှဉ်ပြိုင်ကစားရာ လက်ရှိချန်ပီယံ မန်စီးတီး၊ အာဆင်နယ်၊ လက်စတာ၊ အဲဗာတန်၊ ဆောက်သမ်တန်၊ ဝက်ဖို့ဒ် စသည့်ပရီးမီးယားလိဂ်ကလပ်များ နိုင်ပွဲအသီးသီးရရှိခဲ့သော်လည်း စပါးတစ်သင်းတည်းသာ ကိုလ်ချက်စတာအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

စပါးအသင်းသည် လူးကပ်စ်မော်ရာ၊ အယ်လီ၊ ဒိုင်ယာ၊ ဒါဗင်ဆန် ဆန်းချက်ဇ်တို့ကို လူငယ်ကစားသမားများနှင့် တွဲဖက်ကစားစေခဲ့ပြီး ဒုတိယပိုင်းတွင် ဆွန်ဟောင်မင်၊ အဲရစ်ဆင်၊ လာမယ်လာတို့ကို ထပ်မံထည့်သွင်း ခဲ့သော်လည်း မိနစ် ၉၀ ပြည့်ချိန်အထိ ဂိုးမရှိသရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရသည်။ ပယ်နယ်တီကန်ရာတွင် အယ်လီ၊ လာမယ်လာနှင့် ဆွန်ဟောင်မင်တို့သုံးဦးသာဂိုးဝင်ပြီး ပထမဆုံး ကန်သွင်းသည့် အဲရစ်ဆင်နှင့် နောက်ဆုံးကန်သွင်းသည့် လူးကပ်စ်မော်ရာတို့ လွဲချော်သဖြင့် (၄-၃) ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရသည်။

သို့ဖြစ်ရာ ပိုချက်တီနိုက " ကျွန်တော်တို့ အနေနဲ့ ပွဲစဉ်တိုင်းကို တူညီတဲ့အားထုတ်မှုနဲ့ အမြဲကြိုးစားပါတယ်။ ဇန်နဝါရီကတော့ ဒီအခြေအနေကိုပြင်ဆင်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခုဖြစ်လာမှာပါ။ အတည်တကျမဖြစ် သေးတဲ့ လူစာရင်းနဲ့ဆိုရင်တော့ အမြဲအခက် တွေ့နေမှာပါပဲ" ဟု သုံးသပ်ပြောကြားခဲ့သည်။