၂၀၁၈-၂၀၁၉ ရာသီတွင် ဂျူဗင်တပ်စ်အသင်း ဝင်ငွေ ယူရိုသန်း ၆၀၀ ကျော်ရရှိသော်လည်း စံချိန်တင်အဖြစ် ယူရို ၃၉. ၉ သန်း အရှုံးပေါ်

၂၀၁၈-၂၀၁၉ ရာသီတွင် ဂျူဗင်တပ်စ်အသင်း ဝင်ငွေ ယူရိုသန်း ၆၀၀ ကျော်ရရှိသော်လည်း စံချိန်တင်အဖြစ် ယူရို ၃၉. ၉ သန်း အရှုံးပေါ်
Photos: Getty Images
Photos: Getty Images
Published 22 September 2019

ဂျူဗင်တပ်စ်အသင်း၏ ဝင်ငွေရရှိမှု မြင့်တက်လာခြင်းမှာ ပြီးခဲ့သည့်နှစ် နွေရာသီတွင် ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုကို ရီးယဲလ်အသင်းထံမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၁၂ သန်းဖြင့် ခေါ်ယူခဲ့ခြင်းနှင့်ဆက်စပ်နေပြီး ၎င်းရောက်ရှိလာပြီးနောက် ကွင်းအတွင်းကြည့်ရှုသည့်ပရိသတ် ပိုများလာသလို အမှတ်တရပစ္စည်း ရောင်းချရမှုနှင့် ရှယ်ယာစျေးနှုန်းမှာလည်း မြင့်တက်လာကြောင်း သိရသည်။ 

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ် အသင်းသည် ၂၀၁၈-၂၀၁၉ ရာသီတွင် ကဏ္ဍအသီးသီးမှ ဝင်ငွေ ယူရို သန်း ၆၀၀ ကျော်ရရှိခဲ့သော်လည်း စံချိန်တင်အဖြစ် ယူရို ၃၉. ၉ သန်းအထိ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ရာသီအတွက် ဘဏ္ဍာရေးစစ်တမ်းတွင် ဂျူဗင်တပ်စ်အသင်း၏ ကဏ္ဍအသီးသီးမှ ဝင်ငွေမှာ ယူရို ၆၂၁. ၅ သန်း ရှိကြောင်း သိရသည်။ ယင်းပမာဏ မှာ ၂၀၁၇-၂၀၁၈ ရာသီဝင်ငွေထက် ၂၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ် ပြီး စုစုပေါင်း ယူရို ၁၁၆. ၈ သန်းအထိ မြင့်တက်လာသည်။ 

ဂျူဗင်တပ်စ်အသင်း၏ ဝင်ငွေရရှိမှု မြင့်တက်လာခြင်းမှာ ပြီးခဲ့သည့်နှစ် နွေရာသီတွင် ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုကို ရီးယဲလ်အသင်းထံမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၁၂ သန်းဖြင့် ခေါ်ယူခဲ့ခြင်းနှင့်ဆက်စပ်နေပြီး ၎င်းရောက်ရှိလာပြီးနောက် ကွင်းအတွင်းကြည့်ရှုသည့်ပရိသတ် ပိုများလာသလို အမှတ်တရပစ္စည်း ရောင်းချရမှုနှင့် ရှယ်ယာစျေးနှုန်းမှာလည်း မြင့်တက်လာကြောင်း သိရသည်။ 

သို့သော် ဝင်ငွေလည်ပတ်မှု အရှုံးပမာဏမှာလည်း ယခင်ရာသီထက် နှစ်ဆနီးပါးမြင့်တက်လာပြီး ၂၀၁၇-၂၀၁၈ ရာသီတွင် ယူရို ၂၀. ၇ သန်း အရှုံးပေါ်ရာမှ ၂၀၁၈- ၂၀၁၉ ရာသီတွင် ယူရို ၃၉. ၉ သန်းအထိ မြင့်တက်လာခြင်းဖြစ် သည်။ ယင်းကဲ့သို့ အရှုံးပေါ်ခြင်းမှာ ကစားသမားများအတွက် ပေးချေရသည့် လစာအသုံးစရိတ်မြင့်တက်လာခြင်း၊ ချန်ပီယံလိဂ်နှင့် ကိုပါအီတာလီယာဖလားပြိုင်ပွဲတွင် အောင်မြင်မှုမရဘဲ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာရသဖြင့် ဆုကြေးရရှိမှုနှင့် ရုပ်သံထုတ်လွှင့်ခွင့်ဝင်ငွေ လျော့ကျသွားခြင်းတို့ကြောင့်ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ယခု နှစ်နွေရာသီတွင်လည်း နယ်သာလန် နောက်ခံလူ ဒီလစ်ကို ယူရို ၇၅ သန်း၊ မန်စီးတီးနောက်ခံလူ ဒန်နီလိုကို ယူရို ၃၇ သန်း (ကန်ဆယ်လိုနှင့်အလဲ အထပ်)၊ ဆာဆူအိုလိုနောက်ခံလူ ဒီမာရယ်လ်ကို ယူရို ၁၈ သန်းဖြင့် ခေါ်ယူထားသလို ရမ်ဆေး၊ ရာဘီယူ၊ ဘူဖွန်တို့ကို ပြောင်းရွှေ့ကြေးအလွတ် ဖြင့် ခေါ်ယူထားသောကြောင့် လစာစရိတ် ပိုမိုမြင့်တက်လာဖွယ်ရှိသည်။

Most Read

Most Recent