ဇီဒန်းနေရာတွင် မော်ရင်ဟိုကို အစားထိုးခန့်အပ်ရန် ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များ မဲပေး

ဇီဒန်းနေရာတွင် မော်ရင်ဟိုကို အစားထိုးခန့်အပ်ရန် ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များ မဲပေး
Photo: Getty Images
Photo: Getty Images
Published 22 September 2019

ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များသည် မော်ရင်ဟိုကို နည်းပြ ဇီဒန်းနေရာတွင် အစားထိုးခန့်အပ်ရန် မဲပေးခဲ့ကြကြောင်း သိရသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များသည် မော်ရင်ဟိုကို နည်းပြ ဇီဒန်းနေရာတွင် အစားထိုးခန့်အပ်ရန် မဲပေးခဲ့ကြကြောင်း သိရသည်။ 

ဇီဒန်းသည် ရီးယဲလ်မက်ဒရစ်အသင်းကို ပထမအကြိမ် ကိုင်တွယ်ရာတွင် ချန်ပီယံလိဂ်ဖလားကို (၃) ကြိမ်ဆက် ရယူပေးနိုင်ခဲ့သလို ဆုဖလား (၉) လုံးအထိ ရယူပေးနိုင်ခဲ့သည်။ 

သို့သော် ဇီဒန်းသည် ရီးယဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းမှာ ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည်။ 

စပိန်အားကစားသတင်းစာ Marca က နည်းပြ ဇီဒန်း ရာထူးမှထုတ်ပယ်ခံရလျှင် မည်သူ့ကို အစားထိုးခန့်အပ်စေလိုသနည်း ဆိုသောမေးခွန်းဖြင့် ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များကို မဲပေးစေခဲ့သည်။ 

ယင်းမဲကောက်ခံမှုတွင် ရီးယဲလ်မက်ဒရစ်အသင်းပရိသတ် (၄၄) ရာခိုင်နှုန်းက အသင်းနည်းပြဟောင်း မော်ရင်ဟိုကို ခန့်အပ်စေလိုသည်ဟု မဲပေးခဲ့ကြကြောင်း သိရသည်။ မော်ရင်ဟို၏ နောက်တွင် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီ (၂၃ ရာခိုင်နှုန်း)နှင့် ရီးယဲလ်မက်ဒရစ်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ရာအူးလ် (၂၁ ရာခိုင်နှုန်း)တို့က အစဉ်လိုက်ရပ်တည်နေကြောင်း သိရသည်။ 

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။ မော်ရင်ဟိုသည် ရီးယဲလ်မက်ဒရစ်အသင်းကို ၂၀၁၀ ခုနှစ် မေလမှ ၂၀၁၃ ခုနှစ်အထိ ဇွန်လအထိ ကိုင်တွယ်ခဲ့ဖူးပြီး လာလီဂါ (၁) ကြိမ်အပါအဝင် ဆုဖလား (၃) လုံးရယူပေးနိုင်ခဲ့သည်။ 

လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းကမူ ရလဒ်များဆိုးရွားနေသော်လည်း မိမိအနေဖြင့် အသင်းတာဝန်ရှိသူများ၏ ထောက်ခံမှုကို ရရှိထားဆဲဖြစ်ကြောင်း ပြောကြားထားသည်။

 

Most Read

Most Recent