အသက်(၁၉)နှစ်အရွယ်ရှိ ဖိုဒန်သည် ဥရောပတွင် တောက်ပလာမည့် လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်သော်လည်း မန်စီးတီးအသင်းတွင် ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည်။
အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က မန်စီးတီးအသင်းအနေဖြင့် ၎င်းတို့၏ လူငယ်ကစားသမား ဖိုဒန်ကို ပွဲကစားခွင့်ရရန်အတွက် အငှားချထားရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

အသက်(၁၉)နှစ်အရွယ်ရှိ ဖိုဒန်သည် ဥရောပတွင် တောက်ပလာမည့် လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်သော်လည်း မန်စီးတီးအသင်းတွင် ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည်။

အိုဝင်က "ဖိုဒန်အနေနဲ့ ဂွါဒီယိုလာလက်အောက်မှာ ကမ္ဘာကျော်ကစားသမားတွေနဲ့ လေ့ကျင့်မှုတွေ နေ့စဉ်ပြုလုပ်ခွင့် ရနေတာ ကောင်းပါတယ်။ ဒါပေမဲ့ ကစားသမားတစ်ဦးအနေနဲ့ ပွဲကစားခွင့်ရမှ အဆင်ပြေတာပါ။ မန်စီးတီးအနေနဲ့ သူ့ကို အငှားချသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။