အက်စ်တိုးနီးယားနှင့်ပွဲတွင် နယ်သာလန်အသင်း စံချိန်မှတ်တမ်းများစွာ ရရှိ

အက်စ်တိုးနီးယားနှင့်ပွဲတွင် နယ်သာလန်အသင်း စံချိန်မှတ်တမ်းများစွာ ရရှိ
Photos: AFP
Photos: AFP
Published 11 September 2019

ယင်းပွဲတွင် ဒီပိုင်းမှာ နယ်သာလန်အတွက် နှစ်ဂိုးဖန်တီးပေးခဲ့ပြီး နိုင်ငံအသင်းအတွက် ဂိုးဖန်တီးမှု ၁၇ ကြိမ်ရှိလာခဲ့ကာ ဆယ်စုနှစ်အတွင်း နယ်သာလန်ကစားသမားများထဲတွင် အများဆုံးဖြစ်ခဲ့သည်။ 

နယ်သာလန်အသင်းသည် အက်စ်တိုးနီးယားအသင်းအား အဝေးကွင်းတွင် (၄-၀) ဂိုးဖြင့် အနိုင်ရခဲ့သည့် ယူရိုခြေစစ်ပွဲတွင် စံချိန်မှတ်တမ်းများစွာ တင်ရှိနိုင်ခဲ့ကြောင်း သိရသည်။ 

ယင်းပွဲတွင် ဒီပိုင်းမှာ နယ်သာလန်အတွက် နှစ်ဂိုးဖန်တီးပေးခဲ့ပြီး နိုင်ငံအသင်းအတွက် ဂိုးဖန်တီးမှု ၁၇ ကြိမ်ရှိလာခဲ့ကာ ဆယ်စုနှစ်အတွင်း နယ်သာလန်ကစားသမားများထဲတွင် အများဆုံးဖြစ်ခဲ့သည်။ 

ထို့ပြင် ဒီပိုင်း အနေဖြင့် နိုင်ငံတကာပွဲ ၅၀ ကို ပဥ္စမမြောက် အသက်အငယ်ဆုံးပြည့်မြောက်သူအဖြစ် ဆီးဒေါ့ဖ်၊ ဆနိုက်ဒါ၊ ကလွိုက်ဗတ်၊ ဗန်ဒါဗတ် တို့၏နောက်တွင် ရပ်တည်ခဲ့သည်။ နယ်သာလန်အသင်းသည် ယခုနှစ်အတွင်း သွင်းဂိုး ၁၉ ဂိုးရှိလာပြီး ၂၀၁၈ က ၁၀ ပွဲကစားအပြီးသွင်းဂိုးထက် တစ်ဂိုး ပိုများခဲ့သည်။ 

အသင်း၏ တစ်ပွဲပျမ်းမျှဂိုးသွင်းနှုန်းမှာ ၂ ဒသမ ၆ ဂိုးရှိ နေပြီး ၂၀၁၁ နောက်ပိုင်း အကောင်းဆုံးသွင်း ဂိုးနှုန်းဖြစ်သည်။ အက်စ်တိုးနီးယားအသင်းအား အနိုင်ရခဲ့သည့်ပွဲတွင် နယ်သာလန်အတွက်ဂိုးများကို ဘာဘယ်လ်(နှစ်ဂိုး)၊ ဒီပိုင်း၊ ၀ိုင်နယ်လ်ဒမ်းတို့က သွင်းယူပေးခဲ့ကြသည်။

Most Read

Most Recent