လာလီဂါကို တန်းပြန်တက်ခဲ့တဲ့ မာယော့ကာ

လာလီဂါကို တန်းပြန်တက်ခဲ့တဲ့ မာယော့ကာ
Photos : RCD Mallorca
Photos : RCD Mallorca
Published 24 June 2019

လာလီဂါတန်းတက်ခွင့် လက်ကျန်(၁)နေရာအ တွက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီဂန်ဒါ Play-offs ဗိုလ်လုပွဲမှာ မာယော့ကာက ဒီပို့တီဗိုကို နှစ်ကျော့ပေါင်း ရလဒ်နဲ့အနိုင်ယူပြီး လာလီဂါကို တန်းပြန်တက်ခွင့် ရရှိခဲ့ပါတယ်။

လာလီဂါအသင်းဟောင်း(၂)သင်း တွေ့ဆုံမှုမှာ မာယော့ကာက အဝေးကွင်းမှာ (၂)ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာတော့ (၃)ဂိုးပြတ် ပြန်အနိုင်ယူပြီး တန်းတက်ခွင့်လက်မှတ်ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲဖြစ်တယ်။

ပထမအကျော့တုန်းက မာယော့ကာဟာ ဒုတိယပိုင်းတစ်ပိုင်းလုံးကို ကစားသမားတစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အိမ်ကွင်းမှာတော့ ဒီပို့တီဗိုကို အသာစီးကကစားခဲ့ကာ ဂိုးပြတ်သွင်းနိုင်ခဲ့ပါတယ်။

မာယော့ကာအသင်းအဖို့ ၂၀၁၂-၁၃ ရာသီအပြီးမှာ လာလီဂါက တန်းဆင်းသွားခဲ့တာဖြစ်ပြီး ဆီဂန်ဒါနဲ့ ဆီဂန်ဒါ(B)ပြိုင်ပွဲတွေမှာ (၆)ရာသီကြာ ကျင်လည်ဖြတ်သန်းခဲ့ရပြီးမှ ယင်းမတိုင်မီ (၁၆)နှစ်ဆက်ယှဉ်ပြိုင်ဖူးတဲ့ လာလီဂါကို တစ်ကျော့ပြန်ခြေချခွင့်ရခဲ့ပါတယ်။

ဗိုလ်လုပွဲရလဒ်များ

ဒီပို့တီဗို ၂-၀ မာယော့ကာ

မာယော့ကာ ၃-၀ ဒီပို့တီဗို

(နှစ်ကျော့ပေါင်း ၃-၂ ဂိုးဖြင့် မာယော့ကာ တန်းတက်ခွင့်ရရှိ)

Most Read

Most Recent