ထိပ်တန်းပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ငွေကြေးသုံးစွဲမှုတန်းတူပြုလုပ်ရမည်ဟု လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် မှတ်ချက်ပြု

ထိပ်တန်းပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ငွေကြေးသုံးစွဲမှုတန်းတူပြုလုပ်ရမည်ဟု လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် မှတ်ချက်ပြု
Photos: These Football Times,Sky Sports,This Is Anfield
Photos: These Football Times,Sky Sports,This Is Anfield
Published 23 June 2019

ယာဂန်ကလော့ပ်သည် ယခင်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကစားသမားခေါ်ယူမှုအပေါ် ဝေဖန်ခဲ့ဖူးသော်လည်း နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ကို နောက်ခံလူများအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀၊ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်ကို ဂိုးသမားများအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး (ချယ်လ်ဆီးဂိုးသမား ကယ်ပါမတိုင်မီ) ပေါင် ၅၅.၅ သန်း ဖြင့် ခေါ်ယူထားသည်။

 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ထိပ်တန်းပြိုင်ဘက်အသင်းများနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ငွေကြေးသုံးစွဲမှု တန်းတူပြုလုပ်ရမည်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်သည် ယခင်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကစားသမားခေါ်ယူမှုအပေါ် ဝေဖန်ခဲ့ဖူးသော်လည်း နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ကို နောက်ခံလူများအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀၊ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်ကို ဂိုးသမားများအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး (ချယ်လ်ဆီးဂိုးသမား ကယ်ပါမတိုင်မီ) ပေါင် ၅၅.၅ သန်း ဖြင့် ခေါ်ယူထားသည်။

ထို့အပြင် ၎င်းလက်ထက် ငွေကြေးသုံးစွဲမှုအများဆုံးအဖြစ် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ရာသီက ပေါင်သန်း ၁၆၀ အထိ အသုံးပြုခဲ့ပြီးနောက် လီဗာပူးလ် နည်းပြဘဝလေးရာသီအတွင်း ပထမဆုံးဆုဖလားအဖြစ် ချန်ပီယံ လိဂ်ပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း အသင်းသမိုင်းတစ်လျှောက် စံချိန်တင်အဖြစ် ၉၇ မှတ်ရရှိကာ ဒုတိယနေရာ ရပ်တည်နိုင်ခဲ့သည်။ သို့ဖြစ်ရာ ကလော့ပ်က ယခုနွေရာသီတွင်လည်း အခြားကလပ်များကဲ့သို့ ငွေကြေးသုံးစွဲမှု ပြုလုပ်မည်ဖြစ်ကြောင်း ဂျာမနီအခြေစိုက် ZDF ရုပ်သံသို့ ပြောကြားခဲ့သည်။

"ကျွန်တော် ဂျာမနီမှာရှိတုန်းက ဘိုင်ယန်ရဲ့ မကုန်နိုင်လောက်အောင်များပြားတဲ့ပိုင်ဆိုင်မှုက ပေါင် သန်း ၁၀၀ လောက်ရှိပါတယ်။ ဒီနေ့ စျေးကွက်မှာဆိုရင်တော့ သူတို့ ခံစစ်အတွင်းလူတစ်ယောက်ပဲရမှာပါ။ အဲဒီတုန်းက များပြားလွန်းတဲ့ပမာဏက ဒီနေ့ခေတ်မှာ ကစားသမားတစ်ယောက်ဝယ်ရုံပဲ လုံလောက်တာပါ။ သူတို့ရဲ့လစာတွေပေးဖို့ဆိုရင်မရပါဘူး။ စျေးကွက်က ကျွန်တော်မှန်းထားတာထက်ပိုပြီးပြောင်းလဲသွားပါပြီ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကိုယ်ပြောခဲ့တဲ့အတိုင်း ရပ်တည်နေဆဲပါပဲ။ တချို့ကိစ္စတွေက ဘာသာပြန် လွဲချော်မှုတွေဖြစ်နိုင်ပါတယ်။ ကျွန်တော့်အမြင်ကတော့ ဘောလုံးက ဘောလုံးအတွက်မဟုတ်ဘဲ ငွေကြေး သီးသန့်ဖြစ် လာတဲ့တစ်ချိန်ကျရင် ဒီလောကကို ကျောခိုင်းစွန့်ခွာမယ်ဆိုတာပါ။ အဲဒီအတိုင်း ကျွန်တော်ယုံကြည်နေဆဲပါပဲ။ လီဗာပူးလ်က ရည်မှန်းချက်ကြီးတဲ့ ကလပ်အသင်းပါ။ ကျွန်တော်တို့အနေနဲ့ တခြား ကလပ်အသင်းတွေနဲ့ တူညီတဲ့ပမာဏ မသုံးနိုင်ဘူးဆိုရင် အဲဒီကလပ်တွေကိုယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ပါဘူး။ လူတိုင်း အသင်းတိုင်းက ငွေကြေးသုံးစွဲမှုတွေလုပ်နေကြလို့ ကျွန်တော်တို့လည်း အဲဒီအတိုင်း လုပ်ကြရမှာပါပဲ" ဟု ကလော့ပ်က  ပြောကြားခဲ့သည်။

 

Most Read

Most Recent