တစ်ပတ်လစာ ပေါင် ၂၃၀၀၀၀၊ တိုက်ခန်းနှင့်ကားနှစ်စီးတို့ဖြင့် ရှန်ဟိုင်းရှင်ဟွာ အသင်း၏ ကမ်းလှမ်းခဲ့မှုကို ဝီလီယံ ငြင်းဆန်

တစ်ပတ်လစာ ပေါင် ၂၃၀၀၀၀၊ တိုက်ခန်းနှင့်ကားနှစ်စီးတို့ဖြင့် ရှန်ဟိုင်းရှင်ဟွာ အသင်း၏ ကမ်းလှမ်းခဲ့မှုကို ဝီလီယံ ငြင်းဆန်
Photos: AFP,Daily Star
Photos: AFP,Daily Star
Published 23 June 2019

ချယ်လ်ဆီးအသင်း၏ မူဝါဒအရ အသက် ၃၀ အထက် ကစားသမားများအား ကာလတိုစာချုပ်သာ ချုပ်ဆိုလေ့ရှိသော်လည်း ပြီးခဲ့သည့်ရာသီတွင် ယူရိုပါလိဂ်ဖလား ဆွတ်ခူးရရှိခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်လည်းရခဲ့သောကြောင့် ဝီလီယံက ချယ်လ်ဆီးအသင်း၌သာ ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

ချယ်လ်ဆီးအသင်းတောင်ပံ ကစားသမား ဝီလီယံက တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းသို့ ပြောင်းရွှေ့လျှင် တစ်ပတ်လစာ ပေါင် ၂၃၀၀၀၀၊ နေအိမ်တိုက်ခန်း နှင့် ကားနှစ်စီးရမည့်အခွင့်အရေးရှိ သော်လည်း ငြင်းဆန်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။

ဘရာဇီးလ်လက်ရွေးစင်ကစားသမား ဝီလီယံသည် လာမည့်သြဂုတ်တွင် အသက် ၃၁ နှစ်ပြည့်မည်ဖြစ် ပြီး ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းမှာလည်း တစ်နှစ်သာကျန် ရှိတော့သည်။ ချယ်လ်ဆီးအသင်း၏ မူဝါဒအရ အသက် ၃၀ အထက် ကစားသမားများအား ကာလတိုစာချုပ်သာ ချုပ်ဆိုလေ့ရှိသော်လည်း ပြီးခဲ့သည့်ရာသီတွင် ယူရိုပါလိဂ်ဖလား ဆွတ်ခူးရရှိခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်လည်းရခဲ့သောကြောင့် ဝီလီယံက ချယ်လ်ဆီးအသင်း၌သာ ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်အခြေစိုက် Sport Witness သတင်းဌာန၏ဖော်ပြချက်အရ ရှန်ဟိုင်းရှင်ဟွာအသင်းသည် ဝီလီယံအား မြင့်မားသည့် လစာနှုန်းထားအပြင် ငွေပေးချေရန်မလိုသည့် နေအိမ်တိုက်ခန်း၊ ယာဉ်မောင်းပါဝင်သည့် ကားနှစ်စီးနှင့် ၎င်းသွားလာမည့် ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် စသည့် အချက်များဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

သို့သော် ၎င်းက ဗြိတိန်ကိုစွန့်ခွာ၍ အာရှဒေသသို့ ပြောင်းရွှေ့ခြင်းမှာ မိသားစုအတွက်လည်း ကောင်းမွန်ခြင်းမရှိဟု ယူဆသဖြင့် ချယ်လ်ဆီး အသင်း၌သာ ပွဲထွက်ခွင့်အတွက် ဆက်လက်ကြိုးပမ်းရန် ဆန္ဒရှိနေခြင်း ဖြစ်ကြောင်း ဘရာဇီးလ်အခြေစိုက် Uol Esporte သတင်းဌာနက ဖော်ပြခဲ့သည်။

ဝီလီယံသည် ခြောက်ရာသီအတွင်း ချယ်လ်ဆီးအသင်းအတွက် ၂၉၂ ပွဲကစား ၅၂ ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်၊ FA ဖလား၊ လိဂ်ဖလားနှင့် ယူရိုပါ လိဂ်ဖလား တစ်ကြိမ်စီ ဆွတ်ခူးရရှိထားသည်။

 

Most Read

Most Recent