နွေရာသီတွင် ဂျပန်၊ အမေရိကန်နှင့် ရုရှားသို့သွားရောက်မည့် ဘာစီလိုနာအသင်း မိုင်ပေါင်း ၂၇၀၀၀ အထိ ခရီးနှင်ရမည်

နွေရာသီတွင် ဂျပန်၊ အမေရိကန်နှင့် ရုရှားသို့သွားရောက်မည့် ဘာစီလိုနာအသင်း မိုင်ပေါင်း ၂၇၀၀၀ အထိ ခရီးနှင်ရမည်
Photos: AFP
Photos: AFP
Published 23 June 2019

ဘာစီလိုနာအသင်းသည် ပထမဆုံးခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့သွားaရာက်မည်ဖြစ်ပြီး Rakuten Cup ပြိုင်ပွဲအဖြစ် ဇူလိုင် ၂၃ ရက်တွင် တိုကျိုမြို့၌ ချယ်လ်ဆီးအသင်း၊ ဇူလိုင် ၂၇ ရက်တွင် ကိုဘေးမြို့၌ အသင်း ခေါင်းဆောင်ဟောင်း အင်နီယေစတာ၊ တိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာ၊ ဂျာမနီ လက်ရွေးစင်ဟောင်း ပိုဒေါစကီးတို့ ပါဝင်ကစားနေသည့် ဗစ်ဆဲလ်ကိုဘေးအသင်းနှင့်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

လာလီဂါချန်ပီယံ ဘာစီလိုနာ အသင်းသည် နွေရာသီကာလအတွင်း ဂျပန်၊ အမေရိကန်နှင့် ရုရှားနိုင်ငံသို့ ခြေစမ်းခရီးသွားရောက်မည်ဖြစ်ရာ ကစားသမားများအနေဖြင့် ရာသီသစ်မစတင်မီ မိုင်ပေါင်း ၂၇၀၀၀ အထိ ခရီးနှင်ရမည်ဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပထမဆုံးခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့သွားaရာက်မည်ဖြစ်ပြီး Rakuten Cup ပြိုင်ပွဲအဖြစ် ဇူလိုင် ၂၃ ရက်တွင် တိုကျိုမြို့၌ ချယ်လ်ဆီးအသင်း၊ ဇူလိုင် ၂၇ ရက်တွင် ကိုဘေးမြို့၌ အသင်း ခေါင်းဆောင်ဟောင်း အင်နီယေစတာ၊ တိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာ၊ ဂျာမနီ လက်ရွေးစင်ဟောင်း ပိုဒေါစကီးတို့ ပါဝင်ကစားနေသည့် ဗစ်ဆဲလ်ကိုဘေးအသင်းနှင့်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ထို့နောက် ဘာစီလိုနာသို့ပြန်လာ၍ နှစ်စဉ်ကျင်းပနေကျ ရာသီကြို ယိုအန်ဂမ်ပါဖလားပြိုင်ပွဲအဖြစ် သြဂုတ် ၄ ရက် တွင် နူးကမ့်ကွင်း၌ အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ယင်းပွဲအပြီး သုံးရက်အကြာမှာပင် အမေရိကန်သို့သွားရောက်မည်ဖြစ်ပြီး လာလီဂါ-စီးရီးအေဖလား ပြိုင်ပွဲအဖြစ် သြဂုတ် ၇ ရက်တွင် မိုင်ယာမီမြို့နှင့် သြဂုတ် ၁၀ ရက်တွင် မစ်ချီဂန်မြို့၌ နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။ ထို့အပြင် ဘာစီလိုနာအသင်းသည် ရာသီသစ်မစတင်မီ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဇင်းနစ်အသင်း နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပွဲကစားမည့်ရက်ကိုမူ မသတ်မှတ်ရ သေးကြောင်း သိရသည်။ သို့ဖြစ်ရာ ဘာစီလိုနာအသင်းကစားသမားများ အနေဖြင့် နွေရာသီကာလမှာပင် မိုင်ပေါင်း ၂၇၀၀၀ အထိ ခရီးသွားမည်ဖြစ်သောကြောင့် ပွဲပန်းမှုဒဏ် ခံစားရဖွယ်ရှိနေသည်။

၂၀၁၉-၂၀၂၀ ရာသီ လာလီဂါ ပြိုင်ပွဲကို သြဂုတ် ၁၈ ရက်တွင် စတင်မည်ဖြစ်ပြီး နည်းပြ ဗယ်လ်ဗာဒီက ရာသီကြိုလေ့ကျင့်မှုအစီအစဉ်ကို ဇူလိုင် ၁၄ ရက်တွင် စတင်ရန်စီစဉ်ထားသည်။ သို့သော် အသင်းခေါင်းaဆာင် မက်ဆီ၊ ဆွာရက်ဇ်၊ ကော်တင်ဟို၊ အာသာ၊ ဗီဒယ်လ်တို့မှာ ကိုပါအမေရိကဖလားပြိုင်ပွဲ သွားaရာက်ယှဉ်ပြိုင်နေရသဖြင့် အသင်း နှင့်ပူးပေါင်းချိန် နောက်ကျမည်ဖြစ်သည်။ ကိုပါအမေရိကဖလားပြိုင်ပွဲ မှာ ဇူလိုင် ၇ ရက်မှ ပြီးဆုံးမည်ဖြစ်သည်။

 

Most Read

Most Recent