မန်ယူအသင်းနှင့် နှစ်နှစ်သက်တမ်းတိုးရန် မာတာ သဘောတူညီမှုရ

မန်ယူအသင်းနှင့် နှစ်နှစ်သက်တမ်းတိုးရန် မာတာ သဘောတူညီမှုရ
Photos: YouTube,Sky Sports,The Straits Times
Photos: YouTube,Sky Sports,The Straits Times
Published 19 June 2019

မာတာ (၃၁ နှစ်) ၏ စာချုပ်မှာ ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း မန်ယူ အသင်းက စာချုပ်သစ်ထပ်မံချုပ်ဆိုရန် ကမ်းလှမ်းရာ ၎င်းကလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မန်ယူအသင်းကွင်းလယ်လူ မာတာသည် ယခုနွေရာသီတွင် လမ်းမခွဲဘဲ နှစ်နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

မာတာ (၃၁ နှစ်) ၏ စာချုပ်မှာ ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း မန်ယူ အသင်းက စာချုပ်သစ်ထပ်မံချုပ်ဆိုရန် ကမ်းလှမ်းရာ ၎င်းကလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် မူလက တစ်နှစ်သက်တမ်းတိုးရန်သာ ကမ်းလှမ်းသော်လည်း သဘောတူညီမှုမရသဖြင့် နှစ်နှစ် အထိ တိုးမြှင့်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး လစာမှာမူ လက်ရှိစာချုပ်အတိုင်း တစ်ပတ်လျှင် ပေါင် ၁၄၀၀၀၀ ပေးချေမည်ဖြစ်သည်။

မာတာအနေဖြင့် စာချုပ်သစ်လက်မှတ်ရေးထိုးပြီးပါက အိုးလ်ထရက်ဖို့ဒ်ကွင်း၌ အသက် ၃၄ နှစ်အရွယ် ၂၀၂ ၁ ခုနှစ်အထိရှိနေမည်ဖြစ်သည်။

၎င်းသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေး ပေါင် ၃၇.၁ သန်းဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ငါးရာသီခွဲအတွင်း ၂၁၈ ပွဲ ကစား ၄၅ ဂိုးသွင်းယူပေးထားသည်။

 

Most Read

Most Recent