■ ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

■ ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photo: UEFA Euro 2024
Photo: UEFA Euro 2024
Published 9 July 2024

◘ စပိန် - ပြင်သစ် (မြန်မာစံတော်ချိန် ဇူလိုင်လ ၁၀ ရက် နံနက် ၁း၃၀ နာရီ)

♦ Current Form

Spain WWWWW

France WDDWW

♦ LAST MEETINGS    

၂၄-၆-၁၂(EC)    စပိန်    ၂-၀    ပြင်သစ်

၁၇-၁၀-၁၂(WCQ)    စပိန်    ၁-၁    ပြင်သစ်

၂၃-၃-၁၃(WCQ)    ပြင်သစ်    ၀-၁    စပိန်

၅-၉-၁၄(FRI)    ပြင်သစ်    ၁-၀    စပိန်

၂၉-၃-၁၇(FRI)    ပြင်သစ်    ၀-၂    စပိန်

၁၁-၁၀-၂၁(NL)    စပိန်    ၁-၂    ပြင်သစ်

♦ Facts

- စပိန်အသင်းသည် နောက်ဆုံး (၇)ပွဲဆက်အနိုင်ရရှိခဲ့ပြီး Clean Sheet ရရှိသည့်ပွဲမှာလည်း (၄)ပွဲရှိခဲ့သည်။

- ပြင်သစ်အသင်းသည် ယခုယူရိုပြိုင်ပွဲတွင် (၁)ဂိုးသာပေးထားရပြီး ခံစစ်စွမ်းဆောင်ရည် အကောင်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေသည်။

- ယင်း(၂)သင်းတွေ့ဆုံသည့် နောက်ဆုံး (၈)ပွဲတွင် (၇)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။

ပွဲက စပိန်ရဲ့ တိုက်စစ်ကို ပြင်သစ်ခံစစ်က ဘယ်လောက်ထိန်းချုပ်နိုင်မလဲ၊ ခံစစ်က ထိန်းချုပ်ရင်းနဲ့ စပိန်ရဲ့ခံစစ်ကို ဘယ်လိုတန်ပြန်ထိုးနှက်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမယ့်ပွဲ ဖြစ်သွားပြီ။ စပိန်အသင်းအတွက် ယူရိုမှာ သူတို့ရင်ဆိုင်ခဲ့သမျှ

အသင်းတွေထက် ပိုမာကျောပြီး ခံစစ်ပိုကောင်းတဲ့အသင်းကို ရင်ဆိုင်ရတာဖြစ်သလို၊ ပြင်သစ်အတွက်ဆိုရင်လည်း ယူရိုမှာ သူတို့ရင်ဆိုင်ခဲ့ဖူးသမျှ အသင်းတွေထက် ပိုထက်မြက်တဲ့တိုက်စစ်ကို ပိုင်ဆိုင်ထားတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။

နီကိုဝီလျံစ်၊ ယမားလ်နဲ့ အော်လ်မိုတို့နောက်မှာ ရိုဒရီ၊ ဖာဘီယန်ရုဇ်တို့ ရှိနေမယ့် စပိန်ရဲ့ကွင်းလယ်တိုက်စစ်နဲ့ ခံစစ်ဟာ ပြင်သစ်ကစားသမားတွေကို အလုပ်ရှုပ်စေမှာ သေချာနေပြီး အမ်ဘာပေကို ထိန်းရမယ့် စပိန်ခံစစ်ညာခြမ်းမှာ အတွေ့အကြုံရင့်ကစားသမား ကာဗာဟယ်လ် မကစားနိုင်တာက စပိန်ကို အားနည်းစေမယ့် အချက်ဖြစ်တယ်။ ခံစစ်ပိုင်းမှာတော့ ပြင်သစ်ခံစစ်က အူပါမယ်ကာနို-ဆာလီဘာတို့ ခံစစ်အတွဲက ပိုအားကောင်းလို့ မိုရာတာအတွက် Physical ပိုင်းနဲ့

Pace အပိုင်းတွေမှာ ကျော်ဖြတ်ဖို့ ရုန်းကန်ရနိုင်တယ်။ လက်ရှိခြေစွမ်းအရ စပိန်ကစားတာကို ပိုကြိုက်တယ်။ စပိန် ဗိုလ်လုပွဲတက်မယ်။

♦ Spain

Predicted line-up: Unai Simón: Navas, Nacho, Laporte, Cucurella; Olmo, Rodri, Fabián Ruiz: Lamine Yamal, Morata, Williams

Out: Pedri (knee), Carvajal (suspended), Le Normand (suspended)

♦ France

Predicted line-up: Maignan; Koundé, Saliba, Upamecano, Hernández; Kanté, Tchouaméni, Rabiot, Griezmann; Kolo Muani, Mbappé

Most Read

Most Recent