ပျော်ရွှင်မှုပေးနိုင်သည့်အသင်းတွင် ကစားရန် နေမာကို ထိထီ တိုက်တွန်း

ပျော်ရွှင်မှုပေးနိုင်သည့်အသင်းတွင် ကစားရန် နေမာကို ထိထီ တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 19 June 2019

ဘရာဇီးလ်အသင်းနည်းပြ ထိထီက နေမာအနေဖြင့် ပျော်ရွှင်မှုပေးနိုင်သည့်အသင်းတွင် ကစားရန် တိုက်တွန်းပြောကြားခဲ့သည်။

ဘရာဇီးလ်အသင်းနည်းပြ ထိထီက နေမာအနေဖြင့် ပျော်ရွှင်မှုပေးနိုင်သည့်အသင်းတွင် ကစားရန် တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၂၇) နှစ်အရွယ်ရှိ နေမာသည် PSG အသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေသူဖြစ်သည်။ 

ဘရာဇီးလ်ရုပ်သံ Globo Esporte ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် အသင်းတွင် (၄) နှစ်ကြာကစားခဲ့သည့် နေမာကို ပြန်လည်ခေါ်ယူရန် စီစဉ်နေသလို PSG အသင်းကလည်း နေမာ၏ အပြုအမူများကို သဘောမကျသဖြင့် ထိုက်တန်သည့်ပြောင်းရွှေ့ကြေးရပါက လက်လွှတ်ဖွယ်ရှိနေကြောင်း သိရသည်။

ထိထီက "ကျွန်တော်ကတော့ ကိုယ်ပျော်တယ်လို့ ခံစားရတဲ့အသင်းကိုပဲ သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပျော်တဲ့နေရာမှာမှ အကောင်းဆုံးလုပ်နိုင်မှာ ဖြစ်လို့ပါ။ နေမာအနေနဲ့လည်း သူ့ကို ပျော်ရွှင်မှုပေးနိုင်တဲ့နေရာမျိုးမှာပဲ ကစားသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကလည်း မိမိအနေဖြင့် အသင်းအတွက် ပေးဆပ်လိုခြင်းမရှိသည့်ကစားသမားများကို အလိုမရှိဘဲ ထွက်ခွာခွင့်ပေးသွားမည်ဟု ပြောကြားခဲ့ရာ ယင်းစကားများမှနေမာကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်း ဥရောပမီဒီယာများကို သုံးသပ်ခဲ့ကြသည်။

ဘရာဇီးလ်တိုက်စစ်မှူး နေမာအား ခေါ်ယူရန် လက်ရှိတွင် အသင်းဟောင်း ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြပြီး နေမာအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် အလိုရှိနေကြောင်း သိရသည်။

Most Read

Most Recent