ဆာလာကို ပေါင်သန်း (၁၈၀)ဖြင့်ခေါ်ရန် ရီးယဲလ်စိတ်ဝင်စားကြောင်း သတင်းထွက်

ဆာလာကို ပေါင်သန်း (၁၈၀)ဖြင့်ခေါ်ရန် ရီးယဲလ်စိတ်ဝင်စားကြောင်း သတင်းထွက်
Photos : AFP
Photos : AFP
Published 4 June 2019

ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းသည် လီဗာပူးလ်အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ဆာလာအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့်ရာသီအစကတည်းက ဆာလာကို ကြိုးပမ်းခဲ့သော်လည်း လီဗာပူးလ်အသင်းက ငြင်းပယ်ကာ စာချုပ်သစ်ချုပ်ဆိုခဲ့သည်။ 

ယင်းအချိန်က ဆာလာ၏ပြောင်းရွှေ့ကြေးအတွက် လီဗာပူးလ်အသင်းက ပေါင်သန်း(၁၈၀)နှင့်အထက် အလိုရှိနေသောကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်ဟု စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။

ထို့ပြင် AS က ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူနှင့် ဘွန်ဒစ်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းတို့မှလည်း ဆာလာအားခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု ရေးသားခဲ့သည်။

ချန်ပီယံဗိုလ်လုပွဲအပြီး အနာဂတ်အကြောင်းမေးမြန်းမှုကို ဆာလာက ယခုအချိန်တွင် သူ၏အနာဂတ်အကြောင်း မဖြေကြားနိုင်သေးဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရာသီအစောပိုင်းက ဆာလာနှင့်ပတ်သက်ပြီး ရီးယဲလ်နည်းပြ ဇီဒန်းက '' သူဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါကို ရောမမှာရော အခု လီဗာပူးလ်မှာပါ သက်သေပြခဲ့ပါတယ်။ သူဟာ ငယ်ရွယ်သေးပြီး ဆက်လက်တိုးတက်နေတုန်းပါပဲ။ သူက ကျွန်တော် အမှန်တကယ် သဘောကျတဲ့ ကစားသမားတစ်ယောက်ပါ''ဟု သုံးသပ်ခဲ့ဖူးကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

Most Read

Most Recent