စပိန်နဲ့ ပုံရိပ်မဲ့ ထောက်တိုင်များ

စပိန်နဲ့ ပုံရိပ်မဲ့ ထောက်တိုင်များ
Photos: AFP
Photos: AFP
Published 13 July 2024
Phoe Thar

ကူကူရယ်လာနဲ့ပတ်သက်ပြီး စပိန်နည်းပြဒယ်လာဖွန်တေက "သူ့ (ကူကူရယ်လာ)ရဲ့စွမ်းဆောင်ရည်အပေါ် ကျွန်တော်နည်းနည်းတောင်သံသယမ ဖြစ်ခဲ့ပါဘူး။ သူဟာ လက်ရွေးစင်အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ဒီနေရာကိုရောက်ရှိလာခဲ့တာဖြစ်ပြီး၊ ဒီအခွင့်အရေးနဲ့ ထိုက်တန်ခဲ့သူပါ" ဆိုပြီး ချီးကျူးခဲ့တယ်။ ကူကူရယ်လာလိုပဲ လိုက်ပ်ဇစ်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဒန်နီအော်လ်မိုနဲ့ PSG ကွင်းလယ်လူ ဖာဘီယန်ရုဇ် တို့ဟာလည်း စပိန်အသင်းရဲ့ယူရို-၂၀၂၄ ခရီးလမ်းမှာ အရေးပါဆုံးထောက်တိုင်ဖြစ်ခဲ့သူတွေပါ။ အော်လ်မိုဟာ စပိန်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် (၂) ပွဲသာကစားခွင့်ရထားပေမယ့် သွင်းဂိုး (၃)ဂိုး၊ ဂိုးဖန်တီးမှု (၂)ကြိမ်အတူ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားအဖြစ်ရပ်တည်နေတယ်။ ထို့အတူဖာဘီယန်ရုဇ်ဟာလည်း ရိုဒီရီနဲ့တွဲဖက်ကာ အသင်းရဲ့ ကွင်းလယ်ကျော်ရိုးအဖြစ်ခြေစွမ်းပြခဲ့ပြီး (၅)ပွဲကစားထားရာမှာ သွင်းဂိုး (၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂) ကြိမ်ပြုလုပ်ပေးခဲ့တယ်။

 

Most Read

Most Recent