ရှုံးနိမ့်မှုများကို မိသားစုက ကုစားပေးသည်ဟု မက်ဆီ ပြောကြား

ရှုံးနိမ့်မှုများကို မိသားစုက ကုစားပေးသည်ဟု မက်ဆီ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 2 June 2019

မက်ဆီက ဇနီးဖြစ်သူ အန်တိုနယ်လာနှင့် သားသုံးယောက်က ၎င်းကိုပိုမိုရင့်ကျက်သည့် လူတစ်ဦးဖြစ်လာစေ ခဲ့ကြောင်းလည်း ဆိုခဲ့သည်။

 

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ရှုံးနိမ့်မှုများကို ၎င်း၏မိသားစုက ပြန်လည်ကုစားပေးသည်ဟု ပြောကြားခဲ့သည်။ မက်ဆီက ဇနီးဖြစ်သူ အန်တိုနယ်လာနှင့် သားသုံးယောက်က ၎င်းကိုပိုမိုရင့်ကျက်သည့် လူတစ်ဦးဖြစ်လာစေ ခဲ့ကြောင်းလည်း ဆိုခဲ့သည်။

မက်ဆီက "ရှုံးနိမ့်မှုတိုင်းက နာကျင်ရတာချည်းပါပဲ။ ဒါပေမဲ့ အရှုံးတွေကို ကျွန်တော် ရင်ဆိုင်နိုင်ပါပြီ။ ၂၀၁၂ ခုနှစ်က သီယာဂိုကို မွေးဖွားပြီးနောက်မှာ ဘဝဟာ ဘောလုံးပွဲရလဒ်တစ်ခုတည်း မဟုတ်ဘူးဆိုတာကို ကျွန်တော် နားလည်လာခဲ့ပါတယ်။ အရှုံးရလဒ်တွေက နာကျင်စေပေမယ့် အိမ်ပြန်ရောက်လို့ ဇနီးသည်နဲ့ ကလေးတွေကိုတွေ့လိုက်ရတဲ့အတွက် သက်သာသွားပါတယ်။  ပြီးတော့ ကလေးတွေနဲ့ကစားရင်း အချိန်ကုန် တာပါပဲ။ အရှုံးတွေကြောင့် နာကျင်ရပေမယ့် အခုတော့ ကျွန်တော် အရှုံးတွေကို တခြားနည်းလမ်းတစ်ခုနဲ့ ရင်ဆိုင်တတ်နေပါပြီ" ဟု ဆိုခဲ့သည်။

Most Read

Most Recent