ငယ်ဘဝအသင်းဟောင်း အင်ဒီပန်ဒီယန်တီအသင်းသို့ပြန်ကစားရေးမှာ ဦးစားပေးရည်မှန်းချက်ဟု အဂွဲရိုး ဆို

ငယ်ဘဝအသင်းဟောင်း အင်ဒီပန်ဒီယန်တီအသင်းသို့ပြန်ကစားရေးမှာ ဦးစားပေးရည်မှန်းချက်ဟု အဂွဲရိုး ဆို
Photos: Getty Images
Photos: Getty Images
Published 2 June 2019

အဂွဲရိုးသည် အာဂျင်တီးနားကလပ် အင်ဒီပန်ဒီ ယန်တီအသင်း၌ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့သူဖြစ်ပြီး ယင်းမှတစ်ဆင့် အက်သလက်တီကို နှင့် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်ရာ လက်ရှိစာချုပ်ကုန် ဆုံးပါက အသင်းဟောင်းသို့ပြန် သွားရန် ရည်မှန်းထားခြင်းဖြစ်သည်။

 

မန်စီးအသင်းတိုက်စစ်မှူး အဂွဲရိုးက ယခုစာချုပ်သက်တမ်းကုန်ဆုံးပါက ငယ်ဘဝအသင်းဟောင်း အင်ဒီပန်ဒီယန်တီသို့ ပြန်ကစားရေးမှာ ဦးစားပေး ရည်မှန်းချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အဂွဲရိုး (၃၀ နှစ်) နှင့် မန်စီးတီးအသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်အထိကျန်ရှိနေသေးပြီး ပြီးခဲ့သည့်စက်တင်ဘာတွင် တစ်နှစ်သက်တမ်းတိုးစာချုပ် လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

အဂွဲရိုးသည် အာဂျင်တီးနားကလပ် အင်ဒီပန်ဒီ ယန်တီအသင်း၌ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့သူဖြစ်ပြီး ယင်းမှတစ်ဆင့် အက်သလက်တီကို နှင့် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်ရာ လက်ရှိစာချုပ်ကုန် ဆုံးပါက အသင်းဟောင်းသို့ပြန် သွားရန် ရည်မှန်းထားခြင်းဖြစ်သည်။

"ကျွန်တော်က မန်ချက်စတာစီးတီး နဲ့ စာချုပ်ကျန်ပါသေးတယ်။ ဒီ ၂ နှစ်စလုံးစီးတီးအတွက်ပဲ အာရုံစိုက်ထားမှာပါ။ အဲဒီနောက်မှာတော့ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ ဒါပေမဲ့ အင်ဒီပန်ဒီယန်တီကို ပြန်ဖို့က ဦးစားပေးရည်မှန်းချက်ဆိုတာ သေချာပါတယ်" ဟု ၎င်းက ဆိုသည်။

အဂွဲရိုးသည် ကိုပါအမေရိကဖလားပြိုင်ပွဲအတွက်လည်း ပြန်လည် ရွေးချယ်ခံထားရသည်။

Most Read

Most Recent