အီတလီဘောလုံးလောကသို့ ပြန်ရောက်ရန် (၆၀)ရာခိုင်နှုန်းရှိနေသည်ဟု ကွန်တီ ဆို

အီတလီဘောလုံးလောကသို့ ပြန်ရောက်ရန် (၆၀)ရာခိုင်နှုန်းရှိနေသည်ဟု ကွန်တီ ဆို
Published 7 May 2019

ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီက လာမည့်ရာသီတွင် အီတလီဘောလုံးလောကသို့ ပြန်ရောက်ရန် အခွင့် အရေး (၆၀)ရာခိုင်နှုန်း ရှိနေသည်ဟု ပြောကြားခဲ့သည်။

ကွန်တီသည် ချယ်လ်ဆီးအသင်းနှင့်လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး စီးရီးအေအသင်းများစွာ၏ စိတ်ဝင်စားမှုကြောင့် အီတလီဘောလုံးလောကသို့ ပြန်ရောက်လိမ့်မည်ဟု ထင်ကြေးပေးခံနေရသည်။

ယခုအခါ အီတလီရုပ်သံ Italia 1 နှင့် တွေ့ဆုံရာတွင် ကွန်တီက ''အီတလီဘောလုံးလောကမှာ ရှိနေဖို့က (၆၀)ရာခိုင်နှုန်းပါ။ ပြည်ပကိုထွက်ခွာဖြစ်ဖို့က (၃၀)ရာခိုင်နှုန်းရှိပြီး တခြားအခွင့်အရေးတွေကို စောင့်နေရဖို့က (၁၀)ရာခိုင်နှုန်းရှိပါတယ်''ဟု ပြောကြားခဲ့သည်။

ကွန်တီနှင့်သတင်းထွက်နေမှုများတွင် ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ရိုးမားနှင့် အေစီမီလန်စသည့် စီးရီးအေထိပ်သီးအသင်းများ ပါဝင်လျက်ရှိသည်။

သို့သော် ကွန်တီက မည်သည့်စီးရီးအေကလပ်နှင့်မျှ မဆွေးနွေးရသေးဟု ဝန်ခံသွားခဲ့သည်။

ပြည်ပကလပ်များမှလည်း ကွန်တီအား စိတ်ဝင်စားမှုများရှိသည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

Most Read

Most Recent