အာစင်ဝင်းဂါးကို ထိပ်တန်းရာထူးတစ်ခုအတွက်ကမ်းလှမ်းရန် PSG စီစဉ်နေ

အာစင်ဝင်းဂါးကို ထိပ်တန်းရာထူးတစ်ခုအတွက်ကမ်းလှမ်းရန် PSG စီစဉ်နေ
Photo: Sporting Life
Photo: Sporting Life
Published 10 October 2018

 

ပြင်သစ်ကလပ် PSG အသင်းသည် အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးကို အသင်း၏ထိပ်တန်းရာထူးတစ်ခုအတွက် ကမ်းလှမ်းရန် စီစဉ်နေကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။

PSG အသင်းသည် ပြီးခဲ့သည့်နွေရာသီကတည်းက အာစင်ဝင်းဂါးကို အသင်းဒါရိုက်တာရာထူးတစ်ခုပေးကာခေါ်ယူရန် ပစ်မှတ်ထားခဲ့ပြီး ယခုဆွေးနွေးမှုများကို စတင်ရန်စီစဉ်နေပြီ ဖြစ်ကြောင်း RMC သတင်းဌာနက ဖော်ပြခဲ့သည်။

PSG အသင်းပိုင်ရှင် ကာတာစော်ဘွားများသည် အသင်းကိုစတင်ဝယ်ယူစဉ်ကတည်းက အာစင်ဝင်းဂါးကို အသင်းဥက္ကဋ္ဌအဖြစ် ခန့်အပ်ရန် ဆန္ဒရှိခဲ့ကြောင်းလည်း ပြင်သစ်သတင်းစာများ က ဖော်ပြခဲ့ကြသည်။

ဝင်းဂါးသည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘောလုံးရာသီအပြီးတွင် အာဆင်နယ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး နည်းပြလောကသို့ ပြန်လည်ဝင်ရောက်လိုသည်ဟု ပြောကြားထားသည်။

Most Read

Most Recent