အီရန်အပေါ် ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက်ပိုင်း အကြီးဆုံးဓာတ်ငွေ့တူးဖော်ရေး သဘောတူညီချက်ကို Total ကလက်မှတ်ရေးထိုး

အီရန်အပေါ် ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက်ပိုင်း အကြီးဆုံးဓာတ်ငွေ့တူးဖော်ရေး သဘောတူညီချက်ကို Total ကလက်မှတ်ရေးထိုး
Published 6 July 2017

ပြင်သစ်စွမ်းအင်လုပ်ငန်းကြီး Total သည် အီရန်တွင် ကမ်းလွန်သဘာဝဓာတ်ငွေ့ တူးဖော်ရေးအတွက် ဒေါ်လာဘီလျံနှင့်ချီသည့် သဘောတူညီချက်တစ်ခုကို ဇူလိုင် ၂ ရက်က လက်မှတ်ရေးထိုးကြောင်း အီရန်ရေနံဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အီရန်သည် ပြီးခဲ့သည့်နှစ်က ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ခံရပြီးနောက်ပိုင်း ယခုသဘောတူညီချက်သည် အီရန်အတွက် နိုင်ငံခြားလုပ်ငန်းများနှင့်ချုပ်ဆိုသည့် အကြီးဆုံးသဘောတူညီချက် ဖြစ်လာခဲ့သည်။ Total သည် ယခုအီရန်နှင့် သဘောတူညီချက်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပဏာမလက်မှတ်ရေးထိုးခဲ့သည်။ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံတန်ဖိုးရှိသည့် ထိုကမ်းလွန် သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းကြီးတွင် Total က ၅၀ ဒသမ ၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က ၃၀ ရာခိုင်နှုန်းပါပြီး Petropars က ၁၉ ဒသမ ၉ ရာခိုင်နှုန်းပါဝင်သည်။ နှစ်၂၀ ကြာမြင့်မည့် ယခုစီမံကိန်းတွင် ပထမဆုံးအဆင့်အဖြစ် Total က ဒေါ်လာတစ်ဘီလျံ ဦးစွာထည့်ဝင်မည်ဖြစ်သည်။ “ဒီကထွက်တဲ့ သဘာဝဓာတ်ငွေ့ဟာ အီရန်ပြည်တွင်းဈေးကွက်ကို ၂၀၂၁ ကစပြီး တင်သွင်းနိုင်မှာဖြစ်ပါတယ်” ဟု Total ၏ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent