နောက်ဆုံးရက်ကို တိုးပေးခဲ့ပြီးနောက် ကာတာက တောင်းဆိုချက်များကို တုံ့ပြန်

နောက်ဆုံးရက်ကို တိုးပေးခဲ့ပြီးနောက် ကာတာက တောင်းဆိုချက်များကို တုံ့ပြန်
Published 6 July 2017

ဆော်ဒီအာရေဗျနှင့် ၎င်း၏ မဟာမိတ်များက ကာတာအား နောက်ဆုံးသတ်မှတ်ရက်ကို ၄၈ နာရီ တိုးမြှင့်ပေးရန် သဘောတူခဲ့ကြပြီးနောက် ဇူလိုင် ၃ ရက်တွင် ကာတာက ၎င်းတို့၏တောင်းဆိုချက် စာရင်းရှည်ကြီးကို တုံ့ပြန်လိုက်ကြောင်း သိရသည်။

ကာတာ၏တုံ့ပြန်မှု အသေးစိတ်အချက်များကို သိရှိရခြင်း မရှိသေးသော်လည်း သက်ဆိုင်ရာအရာရှိတစ်ဦးက ကာတာနိုင်ငံခြားရေး ဝန်ကြီး ရှိတ်မိုဟာမက်ဘင်အဗ္ဗဒူရာ မန်အယ်ထာနီသည် ပဋိပက္ခတွင် စေ့စပ်ညှိ နှိုင်းပေးသူအဖြစ် ဆောင်ရွက်နေသော ကူဝိတ်နိုင်ငံသို့ အချိန်တို သွားရောက်စဉ်အတွင်း တုံ့ပြန်မှုပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent