ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၆ ပွိုင့်အထက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၉၇ ကျပ်အထိ မြင့်တက်

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၆ ပွိုင့်အထက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၉၇ ကျပ်အထိ မြင့်တက်
Published 1 November 2018
စည်သူအောင်

နိုဝင်ဘာ ၁ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၆ ပွိုင့်အထက်ဆက်ရှိပြီး ပြည် တွင်းစျေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၉၇ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း         နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိ ရသည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာမြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀  ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀  ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင်  ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း သြဂုတ် ၂၈ ရက်တွင် ကျပ် ၁၅၆၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၅၇၀၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိဆက်တက်ခဲ့သည်။ အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့ သော်လည်း အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိပြန်လည်မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်တွင် ၁၅၉၇ ကျပ်အထိ မြင့်တက်ခဲ့ သည်။

ပြည်တွင်းစျေးကွက်အတွင်း နိုဝင်ဘာ ၁ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၈၀၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၅၂ ကျပ်၊ မလေးရှားရင်းဂစ် ၃၇၉ ကျပ်၊ ထိုင်းဘတ် ၄၈ ဒသမ ၃ ကျပ်ဖြစ်သည်။

Most Read

Most Recent