နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင်ဘောလုံးကွင်းတွင် ဖေဖော်ဝါရီ ၂၀ ရက်၊ (ယနေ့) နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပွဲကျင်းပရာ ကွင်းရှေ့မုခ်ဦးတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် "ချင်းအမျိုးသားနေ့ " မုခ်ဦး ဆိုင်းဘုတ်ကို တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာပြီး နိုင်ငံတော်အလံကို အလေးပြုကာ ဘာသာရေးခေါင်းဆောင်တစ်ဦးမှ ဆုတောင်းစကားများ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ နှစ် (၇၀) ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်မှ ဖတ်ကြားကာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်မှ မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရသည်။