ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျပ်သန်းပေါင်း ခြောက်ထောင်ကျော်ကုန်ကျမည့် တနင်္သာရီမြစ်ကူးတံတားကြီး ဆောက်လုပ်လျက်ရှိ

ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျပ်သန်းပေါင်း ခြောက်ထောင်ကျော်ကုန်ကျမည့် တနင်္သာရီမြစ်ကူးတံတားကြီး ဆောက်လုပ်လျက်ရှိ
Published 20 February 2018

တနင်္သာရီမြစ်ကူးတံတားကြီးတည်ဆောက်ရေးလုပ်ငန်းခွင်အား တွေ့ရစဉ်

ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျပ်သန်းပေါင်း ခြောက်ထောင်ကျော်ကုန်ကျမည့် တနင်္သာရီ မြစ်ကူးတံတားကြီးတစ်စင်း ဆောက်လုပ်လျက်ရှိပြီး ၂၀၂၀ တွင် အပြီးသတ်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အရေးပါသည့်တံတားကြီးဖြစ်သည့် တနင်္သာရီတံတားဟောင်းမှာ ဘေလီအမျိုးအစားဖြစ်ပြီး လက်ရှိအချိန်တွင်သက်တမ်း ၁၈ နှစ်ပြည့်နေ ပြီဖြစ်ကြောင်း၊ တနင်္သာရီတံတား တည်ဆောက်နေသည့်နေရာကို လျှပ်စစ်နှင့် စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သည့် အဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်က လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

“ရေလယ်တိုင် တည်ဆောက်ရေးလုပ်ငန်းတွေ စတင်နေပါပြီ။ တံတားအရှည်စုစုပေါင်းက ၁၄၄၃ ဒသမ ၆၄ ပေနှင့် တံတားအကျယ်က ၂၈ ဒသမ ၈၉ ပေရှိပါတယ်။ သံမဏိပေါင် အမျိုးအစားဖြစ်ပါတယ်။ အများပြည် သူအသုံးပြုနိုင်မယ့်ရက်က ၂၀၂၀ မတ် ၃၁ ရက်လို့ ခန့်မှန်းထားပါတယ်”ဟု တနင်္သာရီတံတား စီမံကိန်းတည်ဆောက်ရေးအဖွဲ့ (၄) တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြစဉ် ပြောကြားသည်။

တံတားတစ်စင်းလုံးအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သန်းပေါင်း ၆၀၂၀ ရှိပြီး တန င်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေမှ ငွေကျပ်သန်း ၃၀၀၀ ဖြင့် ရေလယ်တိုင်များကို ၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။

တနင်္သာရီမြို့အနီးတွင် ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီမြစ်ကို ဖြတ်သန်း တည်ဆောက်မည်ဖြစ်ကာ ရေလမ်းကင်းလွတ်အကျယ်မှာ  ၅၀ မီတာရှိမည်ဖြစ်ပြီး ရေလမ်းကင်းလွတ်အမြင့်မှာ ခြောက်မီတာဖြစ် ကြောင်း သိရသည်။ တနင်္သာရီတံတားမှာ မြိတ်မှ ကော့သောင်းသို့ သွားရာတွင်လည်းကောင်း၊ မြန်မာ-ထိုင်းနယ် စပ်မောတောင်သို့ သွားရာတွင်လည်းကောင်း အရေးပါသည့် တံတားတစ်စင်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ ယခင်အသုံးပြုနေသည့် ဘေလီတံတားမှာ ယာဉ်+ကုန် ၁၃ တန်သာခွင့်ပြုထားသော်လည်း ယခုတည်ဆောက်နေသည့် တံတားပြီးစီးပါက ၇၅ တန်အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ တံတားအသစ်ပြီးစီးပါက လက်ရှိအသုံးပြုနေသည့် ဘေလီ တံတားကို ခရီးသွားလုပ်ငန်းများအတွက် အသုံးပြုစေမည်ဖြစ်ကာ တနင်္သာရီမြစ်အား ရှုခင်းကြည့်ရှုခြင်း၊ တံတားပေါ်တွင် အလှဓာတ် ပုံရိုက်ခြင်းများအသုံးပြုရန် ဒေသခံများ ရည်ရွယ်ထားကြောင်း သိရသည်။

Most Read

Most Recent