ဆာဆူအိုလို - ဘိုလော့ဂ်နာ (၂၈-၁၀-၂၀၁၈ ညနေ ၆းဝ၀)
ဆာဆူအိုလိုဟာ အိမ်ကွင်းမှာ သွင်းဂိုးမြစ်ဖျားတွေ ပြင်း ထန်စွာပေါက်ကွဲလေ့ရှိတယ်။ အိမ်ကွင်းမှာတစ်ပွဲပျမ်းမျှ(၃)ဂိုး ရှိနေတဲ့ ဆာဆူအိုလို တိုက်စစ်ကို ဘိုလော့ဂ်နာခံစစ် ထိန်းချုပ်ရ ခက်ပါလိမ့်မယ်။တစ်မှတ်တန်မျှော်လင့်ချက်ကို ရည်ရွယ်ထား မယ့် ဘိုလော့ဂ်နာရဲ့ တိုက်ပွဲကျဆုံးပါလိမ့်မယ်။ အဝေးကွင်းမှာဂိုးမရသေးတဲ့မှတ်တမ်းဆိုးကို ဘိုလော့ဂ်နာ တော်လှန်နိုင်ဦး မယ်မထင်ဘူး။ ဆာဆူအိုလို အနိုင်သေချာပါတယ်။(၂)ဂိုးပြတ် မပြတ်ပဲ စဉ်းစားရမယ်။
ကာဂလီယာရီ - ချီယေဗို (၂၈-၁၀-၂၀၁၈ ညနေ ၈း၃၀)
ချီယေဗိုရဲ့ အရွေ့ကို မမြင်ရသေးဘူး။ ကာဂလီယာရီက လည်း တိုက်စစ်ချည့်နဲ့မှုကြောင့် မျှော်လင့်ခြင်းတွေအရောင်မှိန် နေပါတယ်။ ဒါပေမဲ့ အိမ်ကွင်း (၄)ပွဲဆက် မရှုံးခဲ့ဘဲ နောက်ဆုံး ပွဲမှာ နိုင်ပွဲရထားတဲ့ ကာဂလီယာရီအမှတ်ပြည့်ရမယ်။
ဂျီနိုအာ - အူဒီးနီးစ် (၂၈-၁၀-၂၀၁၈ ညနေ ၈း၃၀)
ပီယွန်တက်ခ်ဟာ သူရဲကောင်းလို ထင်ရှားနေပေမယ့် ဂျီ နိုအာရဲ့ မတည်ငြိမ်ခြင်းနေ့စွဲတွေကိုပုံမှန်မကယ်တင်နိုင်သေး ဘူး။ ဒါပေမဲ့ ပြိုင်ဘက်တွေကို (၄)ပွဲဆက်အညံ့ခံထားရတဲ့ အူဒီး နီးစ်လို အသင်းမျိုးကိုဂျီနိုအာ အနိုင်ရသင့်ပါတယ်။
SPAL - ဖရိုဆီနိုနီ (၂၈-၁၀-၂၀၁၈ ညနေ ၈း၃၀)
ရှုံးပွဲတွေရပ်တန့်နိုင်ခဲ့တဲ့ ဖရိုဆီနိုနီ၊ ရိုးမားလိုအသင်းကို အဝေးကွင်းမှာ မျက်လှည့်ဆန်ဆန်အနိုင်ယူခဲ့တဲ့ SPAL ၊ နှစ်သင်းစလုံး ပြီးခဲ့တဲ့တစ်ပတ်မှာ ယုံကြည်ချက်ဗားရှင်းမြှင့်ထား နိုင်တယ်။ နှစ်သင်းပေါင်းဂိုးများမယ်။ SPAL နိုင်မယ်။
အေစီမီလန် - ဆမ်ဒိုးရီးယား (၂၈-၁၀-၂၀၁၈ ညနေ ၁၁း၃၀)
တစ်ပွဲပျမ်းမျှ (၀ .၄၄)ဂိုးနဲ့ စီးရီးအေအကောင်းဆုံးခံစစ် စုဖွဲ့မှုကို သရုပ်ဖော်ထားတဲ့ ဆမ်ဒိုးရီးယားထုထည်ကိုတိုက်စစ် မတည်ငြိမ်သူ အေစီမီလန် ဘယ်လိုဖြိုခွဲမလဲ။ နာကျင်စရာ မီလန် ဒါဘီအရေးနိမ့်မှုကနေခပ်မြန်မြန်လွတ်မြောက်ချင်နေတဲ့ အေစီ မီလန်ရဲ့ မျှော်လင့်ခြင်း အရောင်လက်ရေးဟာ မလွယ်ကူနိုင်ပါ ဘူး။ဆမ်ဒိုးရီးယား သရေတစ်မှတ်မျှော်လင့်ခွင့်ရှိပါတယ်။ အေ စီမီလန် နိုင်ရင် တစ်ဂိုးထက်မပိုပါဘူး။
နာပိုလီ - ရိုးမား (၂၉-၁၀-၂၀၁၈ နံနက် ၂းဝ၀)
အန်ဆယ်လော့တီရဲ့ စီးရီးအေအပြန်လမ်းဟာ စနစ်တကျလှပသေသပ်လာတယ်။ အောင်ပွဲတွေဆီ သွားရာလမ်းကိုတည်ငြိမ်စွာပုံဖော်လာနိုင်ပါတယ်။ နာပိုလီရဲ့ အိမ်ကွင်းထုထည်ကို ရှုမျှော်ကြည့်တဲ့အခါ နောက်ဆုံး(၉)ပွဲမှာ (၈)ပွဲအထိ နိုင်ပွဲ ရထားပြီး နောက်ဆုံး (၈)ပွဲမှာ (၇)ပွဲအထိ အနည်းဆုံး (၂)ဂိုးသွင်းယူထားနိုင်တယ်။အန်ဆယ်လော့တီရဲ့ Rotate System ဟာ အစောပိုင်းမှာ သွင်းဂိုးအရေအတွက် မတည်ငြိမ်ခဲ့ပေမယ့်လက်ရှိအချိန်နာပိုလီရဲ့ တစ်ပွဲပျမ်းမျှသွင်းဂိုးက (၁ .၇၃)ဂိုးအထိ မြင့်တက်လာပါပြီ။ အခြားတစ်ဖက်မှာ ရိုးမားရဲ့ဖွဲ့စည်းပုံဟာ အကျဘက်ကို ပြန်လည်ဦးတည်နေတယ်။ (၃)ပွဲဆက်အနိုင်ရခဲ့ ပြီးမှ နောက်ဆုံးပွဲမှာ ရိုးမားကအိမ်ကွင်းရှုံးပွဲရင်ဆိုင်ထားရတယ်။ နည်းပြ ဒီဖရန်ဆက်စကိုရဲ့ အနာဂတ်ဟာလည်း စောင့်ကြည့် ခံနေရတယ်။ပွဲတိုင်းကို သေရေးရှင်ရေးသဘောထားနေလိမ့်မယ်။ ဒါပေမဲ့ ရိုးမား တစ်မှတ်ထက်ပိုမရပါဘူး။