ချယ်လ်ဆီးအသင်း၏ ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သူ ကက်စ်ကာရီနိုက ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေသည် လက်ရှိနည်းပြ ဆာရီ၏လက်အောက်တွင် ကစားရသည်မှာ မပျော်မရွှင်ဖြစ်နေသည်ဟု သုံးသပ်ပြောကြားခဲ့သည်။
အီတလီလူမျိုးနည်းပြ ဆာရီသည် အီတလီလက်ရွေးစင်ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို နောက်တန်း(၄)ယောက်၏ရှေ့တွင် ကစားစေလျက်ရှိပြီး ကွန်တေကိုမူ တိုက်စစ်ကိုပိုမိုလိုက်ပါ၍ ကစားရန်ညွှန်ကြားထားသည်။
ကက်စ်ကာရီနိုက The Times သတင်းစာနှင့် တွေ့ဆုံရာ၌ " ကွန်တေဟာ သူကစားချင်တဲ့ပုံစံအတိုင်း မကစားရတာကြောင့် မပျော်မရွှင်ဖြစ်နေတဲ့ပုံပေါ် ပါတယ်။ ဒါဟာ ချယ်လ်ဆီးအသင်းအတွက် စိုးရိမ်စရာပါပဲ။ အသင်းမှာ သူ့အနေအထားက တည်ငြိမ်မှု မရှိရင် အသင်းက ထွက်သွားနိုင်ပါတယ်။ သူ့လိုကစားသမားမျိုးကို အသင်းတိုင်းက အလိုရှိနေကြတာပါ" ဟု ပြောကြားခဲ့သည်။