ရီးယဲလ်သို့မပြောင်းပါက ချယ်လ်ဆီး၌ ကစားသမားဘဝအဆုံးသတ်နိုင်ဟု ဟာဇက် ဆို

ရီးယဲလ်သို့မပြောင်းပါက ချယ်လ်ဆီး၌ ကစားသမားဘဝအဆုံးသတ်နိုင်ဟု ဟာဇက် ဆို
Published 20 October 2018

ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံ လက်ရွေးစင်တောင်ပံကစားသမား ဟာဇက်က ရီးယဲလ်မက်ဒရစ်အသင်းသို့ မပြောင်းဖြစ် ပါက ချယ်လ်ဆီးအသင်း၌သာ ကစားသမား ဘဝအဆုံးသတ်နိုင်ကြောင်း ထုတ်ဖော်ပြော ကြားသည်။

ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကစားခွင့်ရရေးမှာ ငယ်ဘဝအိပ်မက်ဖြစ်ကြောင်း ဟာဇက်က ယခုလဆန်းပိုင်းတွင် ပြောကြားခဲ့ပြီး နောက် ၎င်း၏အပြောင်းအရွှေ့သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေခြင်းဖြစ်သည်။

၎င်းနှင့် ချယ်လ်ဆီးအသင်း၏ စာချုပ်သက် တမ်းမှာ ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် ကုန် ဆုံးမည်ဖြစ်ပြီး ယခုအချိန်အထိ သက်တမ်း တိုးရန် သဘောတူညီမှုမရသေးဘဲ ကြန့်ကြာ နေသည်။

သို့သော် မန်ယူအသင်းနှင့် ကစား မည့်ပွဲမတိုင်မီ အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဟာဇက်က ''လိုင်လီအသင်းမှာကစားတုန်း က တစ်နေ့ အင်္ဂလန်မှာသွားကစားချင်တယ် လို့ ကျွန်တော်အမြဲပြောခဲ့ဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိဂ်ပြိုင်ပွဲက ကျွန်တော့်ရဲ့ အိပ်မက်ထဲမှာ အမြဲတမ်းကစားချင်ခဲ့တဲ့လိဂ် ဖြစ်ပြီး အင်္ဂလိပ်လိဂ်က အရမ်းလည်းခက်ခဲ လို့ပါ။ အခုတော့ တစ်နေ့မှာ စပိန်ကို ပြောင်း ရွှေ့ခွင့်ရဖို့ ကြိုးစားမိနေတယ်။ အခုဆိုရင် ကျွန်တော့်အသက်က ၂၈ နှစ်နီးပါးရှိပါပြီ။ ချယ်လ်ဆီးမှာကစားတာ ခုနစ်နှစ်ရှိနေပြီး ဆုဖလားအားလုံးနီးပါးလည်း ရရှိထားပြီး ပါပြီ။ ဒါကြောင့် ချယ်လ်ဆီးမှာပဲ ကစားသမား ဘဝ အဆုံးသတ်နိုင်ခြေရှိပါတယ်။ အဲဒီလိုဆို ရင်လည်း ပြဿနာမရှိပါဘူး။ ကျွန်တော်က ဒီအသင်းမှာ အရမ်းပျော်နေပြီး မိသားစုတွေ ကလည်း လန်ဒန်မှာနေရတာ ပျော်ကြပါ တယ်။ ဒါကြောင့် အသင်းမပြောင်းဖြစ်ခဲ့ရင်၊ စပိန်ကိုမသွားဖြစ်ခဲ့ရင်လည်း ပြဿနာမရှိ ဘူးလို့ ပြောတာပါ။ ပရိသတ်တွေကို ကျွန် တော်ချစ်သလို ပရိသတ်တွေကလည်း ကျွန် တော့်ကို ချစ်ကြမယ်လို့ ထင်ပါတယ်''ဟု ပြောကြားသည်။

စပိန်သတင်းဌာနများကမူ ရီးယဲလ် အသင်းအနေဖြင့် လက်ရှိကြုံတွေ့နေသည့် ဂိုးပေါက်ပျောက်ဆုံးမှုအခြေအနေကို ဖြေရှင်း နိုင်ခြင်းမရှိပါက ဇန်နဝါရီအပြောင်းအရွှေ့မှာ ပင် ယူရိုသန်း ၁၀၀ မှ ၁၂၀ ဝန်းကျင်ဖြင့် ခေါ်ယူဖွယ်ရှိကြောင်းနှင့် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိသွားပါက လာမည့်နှစ် နွေ ရာသီတွင် ယူရိုသန်း ၈၀ ဝန်းကျင်ဖြင့် ခေါ်ယူ ရန် စီစဉ်ထားကြောင်း ဖော်ပြလျက်ရှိသည်။

ရီးယဲလ်အသင်းသည် ယခုနွေရာသီတွင် လည်း ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက် တမ်း တစ်နှစ်သာကျန်ရှိတော့သည့် ဘယ်လ် ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုအာကို ယူရို ၃၅ သန်းဖြင့် ခေါ်ယူထားသည်။

 

Most Read

Most Recent