ဘွန်ဒစ်လီဂါပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်
Published 20 October 2018

လေဗာကူဆင် နှင့် ဟန်နိုဗာ (စနေည ၈းဝ၀ နာရီ)

ဟန်နိုဗာအသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ရှုံးပွဲဆက်နေမှုကို အဆုံးသတ်နိုင်ခဲ့တယ်။ လေဗာကူဆင်ကွင်းမှာ ဂိုးပြတ်ရှုံးဖို့မရှိတဲ့ ဟန်နိုဗာကို ပိုကြိုက်တယ်။ 

စတုဂတ် နှင့် ဒေါ့မွန် (စနေည ၈းဝ၀ နာရီ)

အဓိကပြိုင်ဘက် ဘိုင်ယန်ကလည်း ပွဲကျပ်တွေ့နေလို့ ဒေါ့မွန်အသင်းအနေနဲ့ အမှတ်ထပ်ဖြတ်နိုင်ဖို့ အမှားအယွင်းမရှိအောင် ကစားဖို့လိုနေတယ်။ ဒေါ့မွန်အသင်းရဲ့လက်ရှိဂိုးသွင်းအားက အမြင့်ဆုံးရောက်နေပြီး ပြိုင်ပွဲစုံ(၄)ပွဲဆက် အနိမ့်ဆုံး (၃) ဂိုးစီသွင်းယူထားတယ်။ ဘာစီလိုနာကနေ အငှားလာကစားတဲ့ အယ်လ်ကာဆာကလည်း ကစားသမားဘဝ အမြင့်ဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားတာ တွေ့ရတယ်။ ဒါပေမဲ့ ဒေါ့မွန်အသင်းမှာ ဒဏ်ရာပြဿနာတွေများနေပြီး အရန်အင်အားပိုင်းမှာ ပြဿနာရှိ လာနိုင်တယ်။ စတုဂတ်က ဇယားအောက်ဆုံးရောက်နေပေမယ့် အိမ်ကွင်းအားကိုတော့ အထင်သေးလို့မရဘူး။ စတုဂတ်နဲ့စွန့် စားတာပိုကောင်းမယ်။

အော့စ်ဘတ် နှင့် လိုက်ပ်ဇစ် (စနေည ၈းဝ၀ နာရီ)

လိုက်ပ်ဇစ်အသင်း တောက်လျှောက်နိုင်ပွဲဆက်နေပေ မယ့် ပွဲကျပ်ဆက်တိုက်ကစားရမှာဖြစ်လို့ ဖိအားဝင်နေနိုင်တယ်။ အော့စ်ဘတ်ကိုပဲ ရွေးချင်တယ်။

ဝုလ်ဖ်ဘတ် နှင့် ဘိုင်ယန်မြူးနစ် (စနေည ၈းဝ၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်း ပေါက်ကွဲမလားဆိုတာထက် (၃) ပွဲဆက် နိုင်ပွဲပျောက်နေမှုဖိအားက အသင်းအပေါ် ရိုက်ခတ်မှု ရှိနိုင်တယ်။ ဘိုင်ယန်အနေနဲ့ အနိုင်ရရင်တောင် ဂိုးပြတ်ဖို့ မလွယ်ဘူး။

နုရင်ဘတ် နှင့် ဟော်ဖန်ဟင်မ် (စနေည ၈းဝ၀ နာရီ)

နုရင်ဘတ်က အဝေးကွင်းတွေမှာ အခြေအနေဆိုးနေပေမယ့် အိမ်ကွင်းရှုံးပွဲမရှိသေးတာ ထည့်တွက်ရမယ်။ နုရင်ဘတ် အမှတ်ရလိမ့်မယ်။

ရှော်လ်ကေး နှင့် ၀ါဒါဘရီမင် (စနေည ၁၁းဝ၀ နာရီ)

၀ါဒါဘရီမင်အသင်း အဝေးကွင်းနောက်ဆုံးပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် တစ်ယောက်လျော့နဲ့ကစားခဲ့ရတာ သတိပြုရမှာပါ။ ၀ါဒါဘရီမင် သရေခံကစားသွားနိုင်တယ်။ 

 

 

Most Read

Most Recent