စပိန်လာလီဂါပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်
Published 20 October 2018

ရီးယဲလ်မက်ဒရစ် နှင့် လီဗန်တေး (စနေညနေ ၅း၃၀ နာရီ)

ရီးယဲလ်ကတော့ ဖိအားတွေဝင်နေချိန်ပဲဖြစ်တယ်။ အထူးသဖြင့် တိုက်စစ်က ရာသီအစကလို ဂိုးတွေသွင်းပြနိုင်ဖို့ လိုအပ်နေတယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာတွေရှိနေတဲ့အပြင် ကစားသမားအများစုကလည်း နိုင်ငံတကာပွဲက ပြန်လာချိန်ဖြစ်နေလို့ လီဗန်တေးလို မာကျောတဲ့အသင်းတစ်သင်းကို အနိုင်ယူဖို့ခက် လိမ့်မယ်။ လီဗန်တေးနဲ့ ဂိုးအနည်းပဲရွေးထားရင်ကောင်းမယ်။

ဗလင်စီယာ နှင့် လီဟာနက်စ် (စနေည ၈း၄၅ နာရီ)

ဒီပွဲကတော့ မက်စ်တဲလားမှာ လီဟာနက်စ်ဘယ်လောက် တောင့်ခံကစားနိုင်မလဲပဲ စောင့်ကြည့်ရမယ်။ လက်ရှိဗလင်စီယာအသင်းကလည်း နောက်ဆုံး (၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမယ့် သရေပွဲတွေများနေလို့ ဖိအားဝင်နေချိန်မှာ ဒီလိုအိမ်ကွင်းပွဲမျိုး ကိုအမှားခံမယ်မထင်ပါဘူး။ ဗလင်စီယာရဲ့ တိုက်စစ်ပိုင်းဂိုးတွေ သွင်းပြဖို့ပဲလိုပြီး ဗလင်စီယာနဲ့ ဂိုးအများပဲရွေးထားချင်တယ်။

ဗီလာရီးယဲလ် နှင့် အက်သလက်တီကို (စနေည ၁၁းဝ၀ နာရီ)

ဒီရာသီအစ ဗီလာရီးယဲလ်ရဲ့ ခြေစွမ်းက အားရစရာသိပ်မရှိလှဘူး။ အထူးသဖြင့်အိမ်ကွင်းမှာ အခြေအနေတော်တော်လေး ဆိုးနေတယ်။ အိမ်ကွင်းနို်င်ပွဲမရှိသေးဘဲ (၃)ပွဲရှုံး၊ (၁)ပွဲသရေသာကစားနိုင်သေးတဲ့ ဗီလာရီးယဲလ်ရဲ့ အိမ်ကွင်းခြေစွမ်းက အံ့သြ စရာလို့တောင် ပြောနိုင်တယ်။ အက်သလက်တီကိုကတော့ အခုနောက်ပိုင်းပွဲတွေကို ဂရုတစိုက်ပြန်ကစားလာနေတာ တွေ့ရ တယ်။ ခံစစ်ကစားပုံက အရင်လိုမျိုးပြန်ဖြစ်လာပြီး ကွင်းလယ်မှာ အဓိကအထိုင်ကိုလည်း နည်းပြဆီ>မန်နီပုံဖော်လာနိုင်တဲ့ အနေအထားမျိုးတွေ့လာရတယ်။ တိုက်စစ်ကတော့ ဂိုးသွင်းနှုန်းပုံမှန်မဟုတ်သေးပေမယ့် ခံစစ်က အရင်လိုပုံစံမျိုးပြန်ဖြစ်လာနေ လို့ တိုက်စစ်ကတစ်ဂိုးလောက်ရတာနဲ့ အနိုင်အတွက်စိတ်ချရတဲ့ကစားပုံမျိုး ပြန်တွေ့လာနေပါပြီ။ ဒါကြောင့်လက်ရှိခြေစွမ်းတွေ အရတော့ ဗီလာရီးယဲလ်အတွက် အက်သလက်တီကိုကို အနိုင်ရဖို့ဆိုတာ အတော်လေးကိုခက်ခဲနေတယ်။ ဒါပေမဲ့အစဉ်အလာ တွေအရတော့ အက်သလက်တီကိုအနေနဲ့လည်း ဗီလာရီးယဲလ်ကို အနိုင်ရဖို့ခက်ခဲလေ့ရှိတယ်ဆိုတာ နောက်ဆုံး (၅)ပွဲစလုံး နိုင်ပွဲမရခဲ့တာကနေတွေ့ရလို့ ဒီပွဲလည်းမလွယ်ကူပါဘူး။ ဂိုးနည်းနည်းနဲ့ သရေကျသွားနိုင်တဲ့ပွဲလို့ မှန်းထားချင်တယ်။

ဘာစီလိုနာ နှင့် ဆီဗီလာ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ဆီဗီလာလက်ထဲက ထိပ်ဆုံးနေရာကိုပြန်ယူနိုင်ဖို့ ဘာစီလိုနာကြိုးစားရတော့မယ်။ ရာသီအစ စပိန်စူပါဖလားမှာတုန်းကတော့ ဘာစီလိုနာ အနိုင်ရထားပေမယ့် အခုတစ်ကြိမ်ကတော့ ဘာစီလိုနာအတွက် စိန်ခေါ်မှုတွေပိုရှိနေတယ်။ လာလီဂါနောက် ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်နေမှုကို အဆုံးသတ်ပြနိုင်ဖို့ အိမ်ကွင်းမှာ ဘာစီလိုနာ ကြိုးစားပြရမှာဖြစ်သလို၊ ထိပ်ဆုံးနေရာအတွက်ပါ အရေးပါတဲ့ပွဲဖြစ်လို့ ဘာစီလိုနာအတွက် ဖိအားတော့ရှိနေတာအမှန်ပဲ။ ဒီကြားထဲ ဆီဗီလာတိုက်စစ်ကအစွမ်းပြပြီး ဂိုးမြူးနေချိန်မျိုးမှာ ဘာစီလိုနာခံစစ်က ပြိုင်ပွဲစုံနောက်ဆုံး (၅) ပွဲစလုံး ဂိုးတွေပေးနေရတာကလည်း ဘာစီလိုနာအသင်းအတွက် စိုးရိမ်စရာ လိုဖြစ်နေတယ်။ ဘာစီလိုနာခံစစ်ဟာ အမ်တီတီ မကစားနိုင်ချိန်ကစလို့ သိသိသာသာလျော့ကျနေပြီး နောက်ဆုံး (၅)ပွဲမှာတစ်ပွဲ (၂) ဂိုးနှုန်းလောက်ပုံမှန်ပေးနေရလို့ ဆီဗီလာတိုက်စစ်ကို မနည်းထိန်းချုပ်ရမှာသေချာတယ်။ ဆီဗီလာတိုက်စစ်က လာလီဂါ နောက်ဆုံး (၄)ပွဲမှာ (၁၄) ဂိုးသွင်းပြီး တစ်ပွဲပျမ်းမျှ (၃.၅) ဂိုးနှုန်းလောက်ရနေလို့ အားရစရာလို့ပြောနိုင်တယ်။ ဒီအတွက်လည်း နည်းပြဗယ်လ်ဗာဒီ ခံစစ်ကိုသေချာပြင်ဆင်လာပါလိမ့်မယ်။ ဒီပွဲတော့ နူးကမ့်မှာ ဘာစီလိုနာနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

 

Most Read

Most Recent