လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်များခေါ်ယူလိုသည်ဟု ပိုချက်တီနို ပြောကြား

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်များခေါ်ယူလိုသည်ဟု ပိုချက်တီနို ပြောကြား
Published 19 October 2018

 

စပါးအသင်းနည်းပြ ပိုချက်တီနိုက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူလိုကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက ပရီးမီးယားလိဂ်တွင် ကစားသမားသစ် လုံးဝခေါ်ယူခဲ့ခြင်းမရှိခဲ့သည့်တစ်သင်းတည်းသော အသင်းဖြစ်ပြီး ယင်းအတွက် အသင်းပရိသတ်များ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ပိုချက်တီနိုက လာမည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူလိုသော်လည်း အသင်းအတွက် အမှန်တကယ်အသုံးတည့်မည့် ကစားသမားများကိုသာ ခေါ်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပိုချက်တီနိုက "ဒီတစ်ချက်ကတော့ အလွန်ရှင်းပါတယ်။ အသင်းမှာရှိတဲ့ လူတိုင်းက ကစားသမားသစ်တွေ ခေါ်ယူပြီး အသင်းကို အင်အားဖြည့်တင်းမှုတွေ လုပ်ချင်ကြတာချည်းပါပဲ။ ဘာလို့လဲဆိုတော့ ဘောလုံးမှာ အင်အားတောင့်တင်းဖို့ လိုတယ်လေ။ ကျွန်တော်တို့အနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အသင်းပရိသတ်တွေ ပျော်ရင်ပြီးရောဆိုပြီး ကစားသမားသစ်တွေ ခေါ်လို့ မရပါဘူး။ အသင်းအတွက် တကယ်အသုံးတည့်မယ့် ကစားသမားတွေကိုပဲ ခေါ်ရမှာပါ"ဟု ပြောကြားခဲ့သည်။

စပါးအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ဇာဟာကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent