လုခ်ရှောအား တစ်ပတ်လစာပေါင် (၁၅၀၀၀၀)ဖြင့် မန်ယူအသင်း (၅)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို

လုခ်ရှောအား တစ်ပတ်လစာပေါင် (၁၅၀၀၀၀)ဖြင့် မန်ယူအသင်း (၅)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို
Published 18 October 2018

မန်ယူအသင်းသည် အင်္ဂလန်လက်ရွေးစင်ဘယ်နောက်ခံလူ လုခ်ရှောအား တစ်ပတ်ပေါင် (၁၅၀၀၀၀)ဖြင့် (၅)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် (၂၃) နှစ်အရွယ်ရှိ လုခ်ရှော၏လက်ရှိစာချုပ်မှာ လာမည့်နွေရာသီတွင်ကုန်ဆုံးမည်ဖြစ်ရာ ယခုရာသီ၌ မန်ယူအသင်းနည်းပြ မော်ရင်ဟို၏အဓိကကစားသမားတစ်ဦးအဖြစ် ပွဲထွက်နေခွင့်နေခြင်းကြောင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

လုခ်ရှောသည် မန်ယူအသင်းတွင် အစောပိုင်းကာလများက ဒဏ်ရာနှင့်ကြံ့ခိုင်မှုအားနည်းခဲ့ခြင်းတို့ကြောင့် ပုံမှန်ပွဲထွက်ခွင့်ရရန်ရုန်းကန်ခဲ့ရပြီး မန်ချက်စတာအခြေစိုက်အသင်းအတွက် (၇၅)ပွဲသာပါဝင်ကစားရသေးသော်လည်း ယခုရာသီတွင် မော်ရင်ဟိုလက်အောက်၌ ပုံမှန်ပွဲထွက်ခွင့်ရနေသူဖြစ်သည်။

စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက် လုခ်ရှောက '' ဒီအသင်းကို ရောက်တာ(၄)နှစ်လောက်ရှိသွားပြီဖြစ်ပေမယ့် ခဏလေးလိုပါပဲ။ အသင်းနဲ့စာချုပ်သက်တမ်းတိုးနိုင်ခဲ့လို့ ဝမ်းသာပျော်ရွင်မိပါတယ်။ ဒီလိုကြီးကျယ်တဲ့အသင်းမှာ ကစားသမားဘဝ ဆက်ရှိခွင့်ရမှာဖြစ်လို့လည်း ကျေနပ်မိပါတယ် '' ဟုပြောကြားခဲ့သည်။

လုခ်ရှောသည် မန်ယူအသင်းအတွက် ယခုရာသီပရီးမီးယားလိဂ်(၈)တွင် (၇)ပွဲပါဝင်ကစားခဲ့ပြီး (၁)ဂိုးသွင်းယူကာ (၁)ဂိုးဖန်တီးပေးခဲ့သည်။ ဆောက်သမ်တန်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်သည့် လုခ်ရှောသည် ၂၀၁၄ ခုနှစ်၊ ဇွန်လက မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် (၂၇)သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent