နယူးကာဆယ်အသင်းအား အမေရိကန်စီးပွားရေးအဖွဲ့တစ်ခုမှ ဝယ်ယူရန် ပစ်မှတ်ထားနေ

နယူးကာဆယ်အသင်းအား အမေရိကန်စီးပွားရေးအဖွဲ့တစ်ခုမှ ဝယ်ယူရန် ပစ်မှတ်ထားနေ
Photo: Sky Sports
Photo: Sky Sports
Published 17 October 2018

 

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းအား ဝယ်ယူရန် အမေရိကန်စီးပွားရေးအဖွဲ့တစ်ခုက ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ ၎င်းစီးပွားရေးအဖွဲ့မှာ ငွေကြေးအင်အား တောင့်တင်းသည့်အဖွဲ့ဖြစ်ပြီး နယူး ကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေ အလိုရှိနေသည့်ငွေကြေးကို ပေးချေနိုင်သည့် အနေအထားရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

မိုက်အက်ရှ်လေသည် သူ၏ နယူးကာဆယ်အသင်းကို ပေါင်သန်း(၃၀၀)ဖြင့် ရောင်းချမည်ဟု စျေးခေါ်ထားကြောင်း သိရှိရသည်။ လက်ရှိတွင် နယူးကာဆယ်အသင်းအား ဝယ်ယူရန် မန်ယူနှင့် ချယ်လ်ဆီးအမှုဆောင်ချုပ် ဟောင်း ပီတာကီယွန် ကြားခံဆောင်ရွက်ပေး နေသည့် စီးပွားရေးအဖွဲ့တစ်ခုကလည်း ကြိုးပမ်းလျက်ရှိနေသည်။ Daily Mail သတင်းစာ၏ဖော်ပြချက်အရ အမေရိကန်စီးပွားရေးအဖွဲ့သည် ပီတာကီယွန်၏ စီးပွားရေး အဖွဲ့ကို ငွေကြေးအင်အားအရ ကောင်းကောင်းယှဉ်နိုင်သည့်အင်အားရှိကြောင်း သိရှိရသည်။

သို့သော် ယခုရာသီတွင် နယူးကာဆယ် အသင်း၏ ရလဒ်ဆိုးရွားမှုက အမေရိကန်စီးပွားရေးအဖွဲ့၏ ဝယ်ယူမှုကို ထိခိုက်မှုများရှိ လာနိုင်ကြောင်းလည်း Daily Mail က ဖော်ပြခဲ့သည်။ နယူးကာဆယ်အသင်းသည် ယခု  ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲကစားအပြီးတွင် နိုင်ပွဲတစ်ပွဲမှမရှိသေးဘဲ (၂)ပွဲသရေ၊ (၆) ပွဲရှုံးဖြင့် တန်းဆင်းဇုန်အတွင်း အဆင့်(၁၉) နေရာသို့ ရောက်ရှိနေသည်။

အကယ်၍ ယခု ရာသီတွင် နယူးကာဆယ်အသင်း တန်းဆင်းခဲ့ပါက အမေရိကန်စီးပွားရေးအဖွဲ့အနေဖြင့် အသင်းကိုဝယ်ယူရန် ဆန္ဒရှိတော့မည်မဟုတ်ဘဲ ၎င်းတို့၏ကြိုးပမ်းမှုကို နောက်ဆုတ်သွားလိမ့်မည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent