စပိန်နှင့်ပွဲစဉ်တွင် ခြေစွမ်းပြခဲ့သည့် စတာလင်အား ခေါ်ယူရန် ရီးယဲလ်မက်ဒရစ် စိတ်ဝင်စားနေ

စပိန်နှင့်ပွဲစဉ်တွင် ခြေစွမ်းပြခဲ့သည့် စတာလင်အား ခေါ်ယူရန် ရီးယဲလ်မက်ဒရစ် စိတ်ဝင်စားနေ
PHotos: Getty Images
PHotos: Getty Images
Published 17 October 2018

 

ရီးယဲလ်မက်ဒရစ်အသင်းသည် စပိန်မြေ၌ကစားခဲ့သည့် စပိန် (၂-၃) အင်္ဂလန်တို့၏ Nations League ပွဲစဉ် တွင် အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြခဲ့သော မန်စီးတီးအသင်းတောင်ပံကစားသမား စတာလင်အား ခေါ်ယူရန် စိ်တ်ဝင်စားနေကြောင်း သိရသည်။

စတာလင်သည် ယင်းပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက် (၂)ဂိုးသွင်းယူပေးခဲ့ပြီး လက်ရွေးစင်အသင်းအတွက် (၃)နှစ်ကြာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း ဇီဒန်းသည် စတာလင်အား လီဗာပူးလ်အသင်းမှ မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက ခေါ်ယူရန်စိတ်ဝင်စားခဲ့ကြောင်း ဝန်ခံခဲ့ဖူးသည်။

မန်စီးတီးအသင်းတွင် တစ်ပတ်လစာပေါင် (၁၈၀၀၀၀)ရရှိနေသည့် စတာလင်၏လက်ရှိစာချုပ်သက်တမ်းမှာ (၁၈)ခန့်သာ ကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုရန် ကြန့်ကြာနေရာ ရီးယဲလ်မက်ဒရစ်၏စိတ်ဝင်စားလာမှုမှာမန်စီးတီးအတွက် ၎င်း၏အနာဂတ်ကိုတစ်ခုခုုဆုံးဖြတ်ရမည်အခြေအနေသို့ ရောက်ရှိလာစေသည်။

လက်ရှိအချိန်တွင် စတာလင်၏စျေးကွက်ပေါက်ကြေးမှာ ပေါင်သန်း (၁၀၀)ဝန်းကျင်ရှိနေသော်လည်း ရာသီကုန်ုပါက လက်ရှိပေါက်ကြေး၏တစ်ဝက်ခန့်သာရရှိဖွယ်ရှိနေရာ မန်စီးတီးအသင်းတာဝန်ရှိသူများအနေဖြင့်စာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေပါက လာမည့်ဇန်နဝါရီတွင်ပင် ရောင်းထုတ်ရဖွယ်ရှိနေသည်။

စတာလင်သည် ယခုရာသီတွင် အမှတ်ပေးဇယားကိုဦးဆောင်နေသည့် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၇)ဂိုးသွင်းယူပေးထားပြီး ပြီးခဲ့သည့်ရာသီကလည်း ပြိုင်ပွဲစုံတွင် (၂၃)ဂိုးသွင်းယူပေးခဲ့သူဖြစ်သည်။

 

 

 

 

Most Read

Most Recent