ပြိုင်ပွဲအဆင့်၌ ပွဲပေါင်း(၃၈)ပွဲ၊ ရက်ပေါင်း(၅၀၀၀)ကျော် အိမ်ကွင်းတွင် ရှုံးပွဲမရှိခဲ့သည့် စပိန်အသင်း၏စံချိန် အင်္ဂလန်နှင့်ပွဲတွင် ကျိုးပျက်သွားခဲ့

ပြိုင်ပွဲအဆင့်၌ ပွဲပေါင်း(၃၈)ပွဲ၊ ရက်ပေါင်း(၅၀၀၀)ကျော် အိမ်ကွင်းတွင် ရှုံးပွဲမရှိခဲ့သည့် စပိန်အသင်း၏စံချိန် အင်္ဂလန်နှင့်ပွဲတွင် ကျိုးပျက်သွားခဲ့
Published 16 October 2018

စပိန်အသင်းသည် အင်္ဂလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် Nations League ပွဲစဉ်တွင် ပြိုင်ပွဲအဆင့်၌ (၁၅)နှစ်ကြာ တည်မြဲခဲ့သည့် အိမ်ကွင်းရှုံးပွဲမရှိစံချိန် ကျိုးပျက်သွားခဲ့ကြောင်း သိရှိရသည်။

စပိန်အသင်းသည် ၂၀၀၃ ခုနှစ်၊ ဇွန်လက ဂရိအသင်းကို အိမ်ကွင်းတွင် (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲအဆင့်ပွဲစဉ်များတွင် အိမ်ကွင်း၌ ရှုံးပွဲမရှိတော့ဘဲ စုစုပေါင်း (၃၈)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၃၄)ပွဲနိုင်၊ (၄)ပွဲ သရေကျခဲ့သည်။

စပိန်အသင်းသည် ယင်းကာလအတွင်း ခြေစမ်းပွဲအချို့တွင်သာ အိမ်ကွင်း၌ ရှုံးပွဲတွေ့ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ယူရိုခြေစစ်ပွဲ၊ ယခု Nations League ပြိုင်ပွဲ စသည့် ပြိုင်ပွဲအဆင့်ပွဲစဉ်များတွင် ရှုံးပွဲ လုံးဝမကြုံတွေ့ခဲ့ခြင်းလည်းဖြစ်သည်။

ဂရိအသင်းကို အိမ်ကွင်းတွင် နောက်ဆုံးရှုံးနိမ့်ခဲ့ခြင်းမှာ ယူရို-၂၀၀၄ ပြိုင်ပွဲ၏ ခြေစစ်ပွဲတွင်ဖြစ်သည်။

ထို့ကြောင့် စပိန်မီဒီယာများက နည်းပြသစ် လူးဝစ်အင်းနရစ်လက်ထက်တွင် စပိန် အသင်း အထိနာခဲ့ရသောပွဲ ဖြစ်သည်ဟုလည်း ရေးသားဖော်ပြခဲ့ကြသည်။

စပိန်အသင်းသည် အင်္ဂလန်အသင်းနှင့် ပွဲတွင် ပထမပိုင်း၌ (၃)ဂိုးပေးခဲ့ရသည့်အတွက် ပြိုင်ပွဲအဆင့်တွင် အိမ်ကွင်း၌ ပထမဆုံးကြုံတွေ့ခဲ့ရသည့် မှတ်တမ်းဆိုးလည်း ဖြစ်ခဲ့သည်။

အင်္ဂလန်အသင်းမှာမူ ယခုပွဲတွင် စံချိန် ကောင်းများ ပိုင်ဆိုင်ခဲ့ပြီး စပိန်မြေ၌ နှစ်ပေါင်း (၃၀)ကျော် ဂိုးမသွင်းနိုင်သည့်မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ခြင်းမှာ အင်္ဂလန်ပရိသတ် များအတွက် ကျေနပ်စရာအကောင်းဆုံးဖြစ်ခဲ့သည်။

အင်္ဂလန်အသင်းသည် ၁၉၈၇ ခုနှစ် က ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲတွင် စပိန် အသင်းကို အဝေးကွင်း၌ (၄-၂)ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက်ပိုင်း ဂိုးသွင်းနိုင်ခြင်း မရှိဘဲ ဖြစ်နေခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းအတွက် စပိန်မြေတွင် နောက်ဆုံးဂိုး သွင်းယူခဲ့သူမှာ ဂယ်ရီလိုင်နီကာဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့ပြင် အင်္ဂလန်အသင်းအတွက် တစ်ပွဲတည်းတွင် (၂)ဂိုးသွင်းယူဖူးခြင်းမရှိ သေးသည့် စတာလင်က စပိန်မြေတွင် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သလို၊ ဟာရီကိန်းကလည်း အင်္ဂလန်လက်ရွေးစင်ကစားသမား ဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းတွင် ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။

စပိန်အသင်းသည် အင်္ဂလန်အသင်းနှင့် ပွဲတွင် ပထမပိုင်း၌ (၃)ဂိုးပေးခဲ့ရသည့်အတွက် ပြိုင်ပွဲအဆင့်တွင် အိမ်ကွင်း၌ ပထမဆုံးကြုံတွေ့ခဲ့ရသည့် မှတ်တမ်းဆိုးလည်း ဖြစ်ခဲ့သည်။

အင်္ဂလန်အသင်းမှာမူ ယခုပွဲတွင် စံချိန် ကောင်းများ ပိုင်ဆိုင်ခဲ့ပြီး စပိန်မြေ၌ နှစ်ပေါင်း (၃၀)ကျော် ဂိုးမသွင်းနိုင်သည့်မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ခြင်းမှာ အင်္ဂလန်ပရိသတ် များအတွက် ကျေနပ်စရာအကောင်းဆုံးဖြစ် ခဲ့သည်။

အင်္ဂလန်အသင်းသည် ၁၉၈၇ ခုနှစ် က ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲတွင် စပိန် အသင်းကို အဝေးကွင်း၌ (၄-၂)ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက်ပိုင်း ဂိုးသွင်းနိုင်ခြင်း မရှိဘဲ ဖြစ်နေခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်အသင်းအတွက် စပိန်မြေတွင် နောက်ဆုံးဂိုး သွင်းယူခဲ့သူမှာ ဂယ်ရီလိုင်နီကာဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့ပြင် အင်္ဂလန်အသင်းအတွက် တစ်ပွဲတည်းတွင် (၂)ဂိုးသွင်းယူဖူးခြင်းမရှိ သေးသည့် စတာလင်က စပိန်မြေတွင် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သလို၊ ဟာရီကိန်းကလည်း အင်္ဂလန်လက်ရွေးစင်ကစားသမား ဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းတွင် ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။

စတာလင်သည် ၂၀၁၅ ခုနှစ်က အက်စ်တိုးနီးယားနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ယူရို- ၂၀၁၆ ခြေစစ်ပွဲတွင် ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း အင်္ဂလန်အသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ရက်ပေါင်း (၁၀၀၀)ကျော် ဂိုးပေါက်ပျောက်ဆုံးနေခဲ့ရာမှ စပိန်နှင့်ပွဲတွင် အဆုံးသတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ စတာလင်က ဂိုးသွင်းယူနိုင်ရန် ဖိအားများရှိနေချိန်တွင် ဂိုးသွင်းနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းမြောက်မိသည်ဟု ပြောကြားခဲ့သည်။

Photos : AFP

Most Read

Most Recent