နယ်သာလန်နောက်ခံလူ ဗန်ဒိုက်နှင့် ဂျာမနီနောက်ခံလူ ဘိုတန် ဒဏ်ရာကြောင့် လာမည့်ပွဲများလွဲချော်

နယ်သာလန်နောက်ခံလူ ဗန်ဒိုက်နှင့် ဂျာမနီနောက်ခံလူ ဘိုတန် ဒဏ်ရာကြောင့် လာမည့်ပွဲများလွဲချော်
Published 15 October 2018

UEFA Nations League ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် နယ်သာလန်အသင်းခေါင်းဆောင်နောက်ခံလူ ဗန်ဒိုက်နှင့် ဂျာမနီအသင်းနောက်ခံလူ ဘိုတန်သည် ဒဏ်ရာပြဿနာကြောင့် လာမည့်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

ဗန်ဒိုက်သည် ဂျာမနီအသင်းအား အိမ်ကွင်း၌ သုံးဂိုးပြတ်အနိုင်ရသည့်ပွဲတွင် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ပထမပိုင်းမိနစ် ၃၀ တွင် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

သို့ သော် ၎င်းင်းသည် နံရိုးဒဏ်ရာရှိလျက်နှင့်ကစား ပေးနေခြင်းဖြစ်ရာ အောက်တိုဘာ ၁၆ ရက် တွင် ဘယ်လ်ဂျီယံအသင်းနှင့်ကစားမည့် ခြေ စမ်းပွဲ၌ အနားပေးရန် ကြိုတင်သဘောတူညီမှုရထားခြင်းဖြစ်သည်။

ဗန်ဒိုက်သည် လီဗာပူးလ်နှင့် PSG အသင်းတို့ကစားသည့် ချန်ပီယံလိဂ်ပွဲမတိုင်မီကတည်းက နံရိုးဒဏ်ရာ ခံစားနေရပြီး ဒဏ်ရာရှိလျက်နှင့် ဆက်လက် ကစားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂျာမနီအသင်းနောက်ခံလူ ဘိုတန်မှာလည်း နယ်သာလန်အသင်းနှင့်ပွဲ၌ ခြေသလုံး ဒဏ်ရာရရှိခဲ့သောကြောင့် အောက်တိုဘာ ၁၆ ရက်တွင် ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းနှင့်ကစားရမည့် အဝေးကွင်းပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။



ဘိုတန်သည် ပွဲပြီးဆုံး ရန် မိနစ် ၂၀ ခန့်ကတည်းက ဒဏ်ရာရရှိခဲ့ ခြင်းဖြစ်သော်လည်း လူစားလဲမှုသုံးဦးပြည့် နေသဖြင့် ပွဲပြီးဆုံးချိန်အထိ ဆက်လက်ကစား ခဲ့ရခြင်းဖြစ်သည်။

၎င်းမပါဝင်နိုင်ခြင်းမှာ ရလဒ်ပိုင်းကျဆင်းနေသည့် ဂျာမနီအသင်းအတွက် ထိုးနှက်ချက်ဖြစ်စေပြီး ဘိုင်ယန်မြူးနစ်အသင်းဖော် ဇူလာ (သို့မဟုတ်) လေဗာ ကူဆင်အသင်းနောက်ခံလူ ယိုနသန်တီအာ ဟာကို အစားထိုးအသုံးပြုရဖွယ်ရှိသည်။

Most Read

Most Recent